မိန်းမတို့အကြောင်း

မြသန်းတင့်

1100 Kyats ကျပ်
...အခုစာအုပ်ဟာ ပြင်သစ် ဖြစ်တည်မှုပဓာနဝါဒရဲ့ ခေါင်းကိုင် ဖခင်ကြီးတွေထဲက တစ်ဦးဖြစ်တဲ့ စာရေးဆရာ ဆီမွန်ဒီ ဗူးဗွားရဲ့ မိန်းမတို့အကြောင်း ရေးဖွဲ့ထားတဲ့ အင်မတန်ကို ထူးခြားတဲ့စာအုပ်ပါ။ ဒီဗူးဗွားဟာ မိန်းမတွေနဲ့ ပတ်သက်ပြီး လက်ရာမြောက် ဝတ္ထုတိုပေါင်းများစွာကို ရေးဖွဲ့ခဲ့ပါတယ်။ အဲဒီ ဝတ္ထုများဟာလည်း တကယ့်ကို ပြင်ပ သက်ရှိလောကကို ကိုယ်စားပြုထားတဲ့ နာမည်ကျော် ဝတ္ထုတွေ ဖြစ်ပါတယ်။ အခု စာအုပ်ကလည်း ရုတ်တရက် ကြည့်ရင် သာမန် မိန်းမစိတ်ပညာ ကျမ်းတစ်ကျမ်းလို့ ထင်စရာ ရှိပေမယ့် တကယ့်တော့ အင်မတန်ကို ဆွဲဆောင်မှုရှိတဲ့ မိန်းမတို့ရဲ့ အသက်အရွယ် အပိုင်းအခြားအလိုက် အတွင်း သဘောတွေကို ဖွင့်လှစ်ပြထားတဲ့ စာအုပ်ဖြစ်တယ်လို့ ဘာသာပြန်ဆိုသူ ဆရာမြသန်းတင့်က ညွှန်းဆိုထားပါတယ်။ ဒါဆိုရင်တော့ မိန်းမတွေသာမက မိန်းမများနဲ့ ဘယ်လို ဆက်နွယ်မှုကြောင့်မဆို မကင်းနိုင်တဲ့ ကျနော်တို့ ယောက်ျားသားတွေပါ မဖြစ်မနေ ဖတ်ရမယ့် စာအုပ်တစ်အုပ်ပါပဲ။