အဝါရောင်ညနေခင်း

နွေသစ်ငြိမ်း

800 Kyats ကျပ်
ဒီစာအုပ်ကို ဖတ်ပြီးတော့ ရင်ထဲမှာ ညနေခင်းတစ်ခုလို မှောင်ရိပ်သန်းလာတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ စာအုပ်ထဲမှာပါတဲ့ မျိုသိပ်ထားရတဲ့ စကားတွေ၊ ဖွင့်မပြောဖြစ်တဲ့ အထီးကျန်မှုတွေ၊ လူမသိစေချင်တဲ့ နာကျင်မှုတွေ၊ နှလုံးသားထဲက မှောင်မိုက်မှုတွေ၊ အဆင်မပြေမှုတွေက ကိုယ့်အကြောင်းကို ပြောပြနေသလို ဖြစ်နေလို့ပါပဲ။ ကျွန်တော်တော့ ဖတ်ပြီး ခပ်ဆွေးဆွေးဖြစ်သွားပြီဗျို့။ ဝန်ဇင်းက စာဖတ်ပရိသတ်တို့လည်း ဆရာနွေသစ်ငြိမ်းရဲ့ ကဗျာနဲ့ စကားပြေလက်ရာတွေကို ခံစားကြည့်ကြပါဦး။