ပဏီစံအိမ်တော်

သကျသကျစံ

အခမဲ့
ပဏီချမ်းနဲ့ မင်းအဂ္ဂယံတို့က အမှတ်မထင်ဆုံတွေ့ခဲ့ကြတယ်။ တွေ့တွေ့ချင်းပဲ တစ်ယောက်ကိုတစ်ယောက် သဘောကျခဲ့တယ်။ အဲဒါကြောင့်ပဏီချမ်းက ထက်နိုင်နဲ့ လက်ထပ်မှာကို ဖျက်လိုက်သလို၊ မင်းအဂ္ဂယံကလည်း မြူနှင်းခိုင်နဲ့ လမ်းခွဲလိုက်တယ်။ ပဏီချမ်းနဲ့ မင်းအဂ္ဂယံတို့ ယူခါနီးမှာ အိပ်မက်တစ်ခု ကိုခဏခဏမက်တယ်။ အိပ်မက်ထဲမှာ မင်းအဂ္ဂယံက တပ်မှူးတစ်ဦးဖြစ်ပြီး ပဏီချမ်းက ဘုရင့်မိဖုရားငယ်တစ်ပါးဖြစ်တယ်တဲ့။ အဲဒါအပြင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ပဏီစံအိမ်ကြီးက ကြေးမုံပြင်တစ်ချပ်။ အဲဒီကြေးမုံပြင်က ထွက်ထွက်လာတဲ့ ကလေးပိုက်ထားတဲ့ သွေးသံရဲရဲနဲ့ မိန်းမတစ်ဦး။ ဘယ်လိုဇာတ်လမ်းမျိုးလဲဆိုတာတော့ ဝတ္ထုထဲမှာ ခံစားကြည့်ကြပါဦး။