ပေးရှန့်စ်

လူသာမန်

1000 Kyats ကျပ်
ဒီဝတ္ထုက စာရေးဆရာမ Heidi Sincuba ရဲ့ လက်ရာ Patience ဝတ္ထုကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက ပူဆွေးဝမ်းနည်းပြီး ဆို့နင့်ကြေကွဲစရာကောင်းသလို စိတ်ဝင်စားဖို့လည်း တော်တော်ကောင်းတယ်ဗျ။ ဝတ္ထုထဲမှာ Gender နဲ့ တခြားအမျိုးသမီး အခွင့်အရေးတွေကို မီးမောင်းထိုးပြထားပြီး အစဉ်အလာတွေအောက်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံထားရတဲ့ ဖော်ပြချက်တွေ ပါဝင်ပါတယ်။ အဓိကဇာတ်ကောင်က လီရာတို ရာဘိုဆီဝိန်းဆိုတဲ့ အမျိုးသမီးငယ်။ သူ့ဖခင်က အလယ်တန်း ကျောင်းဆရာတစ်ယောက်။ နောက်ပြီး သူဟာ ကာမဂုဏ်လိုက်စားသူ။ ခြောက်နှစ်အရွယ်သမီးလေးကို ဖခင်ဖြစ်သူက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ကြိုးပမ်းတာကို လွတ်မြောက်အောင် ကြိုးစားရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ စိတ်နှလုံးအစုံကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ ဝတ္ထုဖြစ်လို့ ဖတ်ကြည့်စေချင်ပါတယ်။