အားလုံးကိုဖြောင့်စေတဲ့အကွေး

လူသာမန်

1000 Kyats ကျပ်
ဒီစာအုပ်ထဲမှာ လူမှုပေါင်းသင်း ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါး ၂၁ ပုဒ်ပါဝင်ပါတယ်။ ၂၀ဝ၈ ခုနှစ် သြဂုတ်လကနေ ၂၀၁၄ ခုနှစ် မတ်လအထိ ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးတွေဖြစ်ပြီး ဆောင်းပါးတွေဟာ စာရေးဆရာ တစ်ယောက်တည်းရဲ့ အာဘော်တွေ လုံးဝမဟုတ်ပါဘူး။ စာရေးဆရာများစွာရဲ့ ကွဲပြားတဲ့အမြင်တွေ၊ တွေးခေါ်မှုတွေနဲ့ ရေးသားချက်တွေကို စုစည်းထားတာဖြစ်တယ်လို့ စာရေးသူက ဆိုပါတယ်။ စာအုပ်ထဲမှာ မိခင်မေတ္တာ၊ မိတ်ဆွေ အမျိုးအစားတွေ၊ လူ့စရိုက်နဲ့ ပတ်ဝန်းကျင်ရဲ့ ဆက်စပ်မှု၊ အချစ်ကို ခွဲခြမ်း စိတ်ဖြာကြပုံတွေ၊ အပြုံးရဲ့ အစွမ်းထက်မှုတွေ၊ စပ်စုတတ်ခြင်းရဲ့ အားသာချက်တွေ၊ အတင်းပြောခြင်းရဲ့ စိတ်ဝင်စားစရာ အချက်တွေ၊ လက်ထပ်ဖို့ အကောင်းဆုံးအရွယ်၊ ကွယ်လွန်ခါနီးရတတ်တဲ့ နောင်တတွေအပြင် တခြားအကြောင်းအရာတွေကို အချက်အလက်တွေနဲ့ ခွဲခြမ်းစိတ်ဖြာ ရေးသားထားတဲ့ ဆောင်းပါးတွေပါလို့ ဖတ်ကြည့်ကြပါဦး။