ကေဝမွတ္စု

မင်းခိုက်စိုးစန်

800 Kyats ကျပ်
စကြဝဠာအတွင်းထဲမှာ ဖြစ်တည်မှုတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ လူသားတွေလည်း အပါအဝင်ပါပဲ။ လူသားဆိုပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူညီလှပါဘူး။ ပုံသဏ္ဌာန်၊ အပြောအဆို၊ နေထိုင်ပုံ၊ တွေးခေါ်ပုံက အစပါ။ အဲဒီလို မတူညီမှုတွေကနေပဲ သဘောထားကွဲလွဲမှုဆိုတာ ဖြစ်ပေါ်လာတယ်လို့ ဆိုနိုင်တယ်။ လူသားတိုင်းမှာ ကိုယ်ပိုင်ယုံကြည်မှုဆိုတာ ရှိတယ်။ ကွဲလွဲတဲ့ ယုံကြည်မှုတွေကပဲ လူသားတွေကို ပဋိပက္ခတွေဖြစ်စေတယ်။ အဲ့ဒါကြောင့် တခြားတစ်ယောက်ရဲ့ ယုံကြည်မှုကို အတင်းအဓမ္မ ဆန့်ကျင်တာက ကောင်းတဲ့အမူအကျင့် မဟုတ်တာတော့ အသေအချာပါပဲ။ ဒီစာအုပ်ထဲမှာလည်း လူသားတွေရဲ့ ဖြစ်တည်မှုကနေ ဆင့်ကဲဖြစ်ပေါ်လာတဲ့ သဘောကွဲလွဲတာတွေ၊ အမြင်ကွဲလွဲတာတွေကို တင်ပြထားပါတယ်။ စကားပုံတွေ၊ ဒဿနတွေ၊ အတွေးအခေါ်တွေကို သဘောကျတဲ့ စာဖတ် ပရိသတ်တွေအတွက်ကတော့ ဒီစာအုပ်က ကွက်တိပဲလို့ ဆိုရမှာပဲ။ အဲဒီတော့ ကဝေတစ်ယောက်က သူရဲ့တွေးခေါ်ပုံတွေကို ဘယ်လိုမှတ်စုတွေရေးပြီး တင်ပြထားလဲ ဆိုတာကိုတော့ ဒီစာအုပ်ထဲမှာ ဖတ်ကြည့်လိုက်ကြပါဦး။