အမှောင်တွေရွာချတဲ့မိုးတိမ်

ထက်မြတ်နိုင်ဇင်

600 Kyats ကျပ်
တစ်ချိန်က နိုင်ငံတော်သမ္မတဖြစ်ခဲ့သူ စပ်ရွှေသိုက်ရဲ့ ‘နိုင်ငံတော်ယာယီသမ္မတမိန့်ခွန်း’ ကို စာအုပ်ရဲ့ အမှာစာ ( ၁ ) အဖြစ် ဖော်ပြထားတဲ့ ဒီဝတ္ထုဟာ စကတည်းက ထူးခြားနေပါတယ်။ နောက်တစ်မျက်နှာမှာတော့ စာရေးဆရာ မင်းခိုက်စိုးစန်ရဲ့ အမှာစာ … “လူတစ်ယောက်က ဒုစရိုက်မှုကို ကျူးလွန်သည်ဆိုပါစို့။ ယင်းမှာ စိတ်ယုတ်စိတ်ညံ့တည်းဟူသော ဘတ်တီးရီးယားက ထိုသူ၏ နှလုံးသားကို တိုက်ခိုက်အောင်ပွဲခံသွားခြင်းကြောင့်သာ ဖြစ်သည်။ ထိုသူတစ်ယောက်၏ နှလုံးသားကိုယ်ခံအား နည်းပါးလွန်းသောကြောင့်သာ ဖြစ်၏။ ဒါကို ဖြေရှင်းနိုင်ရန်မှာ ထိုသူနှလုံးသားထဲက စိတ်ယုတ်စိတ်ညံ့တည်းဟူသော ဘတ်တီးရီးယားကို ပပျောက်အောင် ကုသဖို့ဖြစ်သည်။ ….. အမုန်းတရားများ၊ စိတ်ညံ့စိတ်ဖျင်းများသည် နှလုံးသားကိုယ်ခံအားနည်းသူအချင်းချင်း စုဖွဲ့မိနေသောအခါ တစ်ဦးကိုတစ်ဦး ကူးစက်သွားပြီး အမုန်းတရား လူ့အဖွဲ့အစည်းကြီး ဖြစ်သွားနိုင်သည်”