သူလိုမိန်းမ

ဂျာနယ်ကျော်မမလေး

800 Kyats ကျပ်
မြို့တိုင်းက ဘုန်းကြီးလူထွက် နယ်ပိုင်ဝန်ထောက်ရယ်လို့ လူသိများပြီး အသက် ၃၆ နှစ်၊ ၃၇ နှစ်အထိ ဘယ်မိန်းမနဲ့မှ နီးနီးစပ်စပ်မနေခဲ့ဖူးတဲ့ ဦးချစ်ဆွေ တစ်ယောက် အစ်ကိုဖြစ်သူရဲ့ အခေါ်စာကြောင့် ဗိုလ်တစ်ထောင်ဆိပ်ကမ်းကနေ ရေနံချောင်းကိုထွက်မယ့် သင်္ဘောကြီးပေါ်မှာ သူခိုး၊ သူဝှက် နှစ်ယောက်ကြောင့် ပိုင်ရှင်မသိတဲ့ သားရေသေတ္တာကြီးတစ်လုံးနဲ့အတူ ခရီးဆက်ဖို့ဖြစ်လာခဲ့ရတယ်။ ဦးချစ်ဆွေဟာ လူရိုးလူအေးပီပီ ဥစ္စာပိုင်ရှင်ကိုစုံစမ်းပြီး ပေးမယ်လို့ ဆုံးဖြတ်ချက်ချပြီးနောက် မန္တလေးအဆန် သင်္ဘောကြီးပေါ်တက်ကာ ခရီးဆက်ပါတော့တယ်။ သူဟာ ခရီးလမ်းမှာ အဖော်မပါဘဲ ဦးခန်းကနေ ပျင်းရိစွာလိုက်ပါလာရင်း ညကယူခဲ့တဲ့ သေတ္တာကြီးမှာပိန်ချိုင့်ပြီး သော့ပွင့်ထွက်နေတာကို တွေ့လိုက်ရတော့ သေတ္တာကိုပြောင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ လူပျိုကြီး ဦးချစ်ဆွေဟာ ဘဝမှာ မိန်းမယူမယ့်ကိစ္စကို အရေးကြီးတယ်လို့ တစ်ခါမှမတွေးခဲ့ဖူးသူ။ နောက်ပိုင်း သူ သေတ္တာကြီးကို ဖွင့်ကြည့်လိုက်တဲ့အခါ သေတ္တာထဲမှာ အမျိုးသမီးအသုံးအဆောင်တွေကို တွေ့လိုက်ရတယ်။ ဒီတော့ ဦးချစ်ဆွေခမျာ ဒုက္ခများရပြီပေါ့။ နောက်ပိုင်း လူပျိုကြီးဦးချစ်ဆွေတစ်ယောက် သေတ္တာတစ်လုံးကိုအကြောင်းပြုပြီး ဘယ်သူနဲ့အကြောင်းပါသွားမလဲ? ဘယ်လိုအရာတွေကို ကြုံတွေ့ရဦးမလဲ? ✅ ဝတ္ထုထဲမှာ သာမန်မိန်းမသား မုဆိုးမတစ်ယောက်ရဲ့ ဣနြေ္ဒကြီးခြင်း၊ သိက္ခာရှိခြင်း၊ တည်ကြည်ခြင်း၊ ရဲရင့်ခြင်း မဟုတ်မခံစိတ်ရှိခြင်းတို့နဲ့အတူ သူလိုမိန်းမ ရဲ့ အထက်တန်းစားဆန်မှုကို မြင်တွေ့ခံစားရမှာဖြစ်ပြီး ဆရာမကြီးရဲ့ ရေးဖွဲ့မှုရသပိုင်း၊ ဇာတ်လမ်းဇာတ်ကွက်နဲ့ ရည်ရွယ်ချက်တွေဟာလည်း စာဖတ်သူတွေကို အားမာန်တွေ ပေးစွမ်းနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။