အဆိပ်ပန်း

ခွန်းဆက်

400 Kyats ကျပ်
ညီလွင်က ဦးမင်းသူနဲ့အတူ သူ့အိမ်ကို လိုက်သွားဖြစ်ပါတယ်။ အိမ်ကလူတွေကတော့ ဦးမင်းသူက နောက်မယားတစ်ယောက် အိမ်ပေါ်ခေါ်တင်လာမယ် ထင်ခဲ့ပေမယ့် တကယ်တမ်းကျ ယောက်ျားလေးတစ်ယောက်ဖြစ်နေတာမို့ သိပ်အံ့ဩခဲ့ကြတယ်။ ညီလွင်က လိမ္မာရေးခြားရှိတယ်၊ ဘုရားတရားကို အာရုံစိုက်တတ်သူ၊ ကလေးတွေကိုလည်း နည်းမှန်လမ်းမှန်နဲ့ ဆုံးမတတ်တော့ အိမ်သားတွေရော ဦးမင်းသူရဲ့အမေကပါ သဘောကျလာတယ်။ ညီလွင်ကို သဘောကျတာထက် ပိုသဘောကျနေသူကတော့ ဦးမင်းသူရဲ့သား ကျော်ဇင်ပဲ ! ဇာတ်လမ်းက အဲဒီမှာ စတွေ့တာ။ ပထွေးမှန်းသိပေမဲ့၊ ကျော်ဇင်က ညီလွင်အပေါ်ကို တဖြည်းဖြည်းနဲ့ စိတ်ယိုင်လာပါတယ်။ ဒါကလည်း ကျော်ဇင်တစ်ယောက်တည်း တစ်ဖက်သတ် မဟုတ်ဘူး။ ညီလွင်ကပါ၊ သူ စိတ်ထိန်းနေတဲ့ကြားထဲက ကျော်ဇင့်ကို စိတ်ယိုင်ယိုင်သွားမိတယ်။ အဲဒီကြားထဲ ဦးမင်းသူက တစ်ဖက်မှာလည်း ခြေလှမ်းတွေ ပြန်ပျက်လာတဲ့အခါမှာတော့ ! ကဲ ... ဒီတစ်ခေါက် BL Novel ကတော့ ဇာတ်လမ်းက ရှယ်ပဲ။ ရင်တခုန်ခုန်နဲ့ စိတ်လှုပ်ရှားပြီး ဖတ်နေရပါမှာဗျ