မျှော်လင့်ခြင်းဖတ်စာ

ချမ်းမြေ့ဝင်း

1000 Kyats ကျပ်
ပထမစာအုပ်၊ ဂရုမစိုက်ခြင်းအနုပညာလိုပဲ ... ကျနော်တို့ မထင်ထားတဲ့ အတွေးရှုထောင့်ကနေ တင်ဆက်ထားတဲ့ အကြောင်းအရာတွေက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါကြောင့်၊ ဒီနှစ်အတွက် မဖတ်မဖြစ် စာအုပ်တစ်အုပ်လို့တောင် ပြောချင်တယ်။ မျှော်လင့်ချက်ဆိုတဲ့အရာရဲ့ အဆိုး၊ အကောင်း၊ အကျိုး၊ အပြစ်တွေကို ဘက်စုံထောင့်စုံကနေ နက်နက်နဲနဲ လေ့လာရမယ့် မျှော်လင့်ခြင်းဖတ်စာ။ ‘ဂရုမစိုက်ခြင်းအနုပညာ’ စာအုပ်ရဲ့ နောက်ဆက်တွဲလို့ ပြောလို့ရသလို၊ ဘာမှမဆိုင်တဲ့ စာအုပ်လို့လည်း ထင်ချင် ထင်လို့ရတဲ့ မျှော်လင့်ခြင်းဖတ်စာ။ အတွေးအခေါ်ဟောင်းတွေကို မှန်ပြောင်းအသစ်နဲ့ ထောက်ကြည့်သလို ကြည့်မြင်ခံစားရမယ့် မျှော်လင့်ခြင်းဖတ်စာ။ ရှေးဟောင်းခေါမ ပုံပြင်တစ်ပုဒ်ထဲမှာ မျှော်လင့်ချက်မရှိတော့ရင် လူဟာ သေတော့တာပဲတဲ့၊ ဒီစာအုပ်ထဲမှာတော့ မျှော်လင့်ချက်မရှိတော့ရင်လည်း ဘဝကို တည်ငြိမ်စွာ ဖြတ်သန်းနိုင်သေးတယ်ဆိုတဲ့ အယူအဆနဲ့ မျှော်လင့်ခြင်းဖတ်စာ။ ရောက်မလာသေးတဲ့ အချိန်တွေကို ကြိုတွေးပြီး မောနေမယ့်အစား လက်ရှိအခြေအနေမှာ အကောင်းဆုံးနေဖို့ လမ်းပြပေးနိုင်တဲ့ မျှော်လင့်ခြင်းဖတ်စာ။ အောင်မြင်ကြီးပွားရေး တက်ကျမ်းမဟုတ်၊ ဘဝကို ပိုလွယ်အောင် ကူညီပေးမှာ မဟုတ်ဘဲ၊ ရဲရင့်လာအောင်၊ ဘဝဒုက္ခတွေကို နားလည်တတ်သွားအောင် ရှင်းပြပေးမယ့် မျှော်လင့်ခြင်းဖတ်စာ။ နာကျင်ခြင်းတွေဆီကနေ ထွက်ပြေးနေတာကို ရပ်ပြီး လူဖြစ်ရတဲ့ ဒုက္ခကို ဘယ်လိုရင်ဆိုင်ကြမလဲ ? ဒီမေးခွန်းရဲ့အဖြေကို ဆွဲထုတ်နိုင်မယ့် …. မျှော်လင့်ခြင်းဖတ်စာ။ ဒီလိုမျိုး အတွေးအခေါ်ဆိုင်ရာ အကြောင်းအရာတွေ အတွေးအမြင် အသစ်တွေကို ချပြထားပါတယ်။ အခုပဲ ဖတ်ကြည့်လိုက်ရအောင်ပါ!