သုံးနားညီႀတိဂံ
ကလောင်စုံ
800 Kyats ကျပ်
ဒီစာအုပ်ထဲမှာ လက်စွမ်းထက်တဲ့ ကလောင်ရှင်တွေရဲ့ စေတနာတွေ၊ အကျိုးရှိစေမယ့် အတွေးတွေကို ဖတ်ရမှာပါ။ မျိုးဆက်သစ်လူငယ်တွေ အပေါ်ထားရှိတဲ့ စေတနာထုထည်ကို အတိုင်းသား ခံစားရတယ်။ လူငယ်တွေကို တိုင်းပြည်အတွက် အဖိုးတန် ရတနာလေးတွေ ဖြစ်စေလိုတဲ့ သူတို့စေတနာက လေးစားစရာပါပဲ။
ရည်မှန်းချက် ပန်းတိုင်မရှိဘဲ လေနေတဲ့လူငယ်တွေအတွက် သူတို့ရင်ထဲက စေတနာစကားတွေကို မြင်ရတာ ဝမ်းသာပီတိဖြစ်စရာ။ လူငယ်နှင့်အကျင့်၊ အနာဂတ်ရဲ့လမ်း (သို့မဟုတ်) တိုင်းပြည်မျက်လုံး၊ ယုံကြည်မှုနဲ့ရဲရင့်ပါ၊ စာပေရသ စိတ်အလှ၊ ပြောင်းလဲခြင်းရဲ့ အတွေးစများ၊ လူရိုးကို ဘယ်သူဖျက်တာလဲ၊ စစ်မှန်သောလေးစားမှု၊ လူငယ်တွေကို အောင်စိတ်သွင်းပါ တို့အပြင် အကျိုးရှိတဲ့ ဆောင်းပါးတွေ အများကြီး ဖတ်ရမှာဖြစ်ပါတယ်။