ကိုယ့်ကိုယ်ကိုယ်ကိုးကွယ်

မြတ်ငြိမ်း

800 Kyats ကျပ်
ဒီစာအုပ်ဟာ မူရင်းစာရေးသူ Robin Sieger ရဲ့ Natural Born winners စာအုပ်ကို ဆရာမြတ်ငြိမ်းက ဘာသာပြန်ထားတာပါ။ အခန်း ၁၀ ခန်းတိတိပါပါတယ်။ စာရေးသူဟာ မိမိရဲ့ အတွေ့အကြုံတွေ၊ တခြားသူတွေရဲ့ အတွေ့အကြုံတွေကို ပုံပြင်ဇာတ်လမ်းတိုလေးတွေလို ဆိုရိုးစကားလေးတွေပါ ညှပ်ညှပ်ပြောသွားတဲ့အတွက် စာဖတ်သူကို မငြီးငွေ့စေဘဲ စိတ်ဝင်တစားဖတ်ရှုမိစေမှာပါ။ ဒီစာအုပ်ကို ဖတ်ရင်ကော ကျွန်တော်တို့အရာရာမှာ အောင်မြင်သွားမှာလား။ အဲဒီလိုတော့ မဟုတ်ဘူးဗျ။ အောင်မြင်မဲ့ နည်းလမ်းတွေ သိလာမယ်။ သူများတွေ ဘာကြောင့်မအောင်မြင်တာလဲ သုံးသပ်တတ်လာမယ်။ ကျရှုံးဖို့နည်းလမ်းတွေ ရှောင်ရှားတတ်လာမယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာမယ်။ စိတ်ဓာတ်ခွန်အားတွေ တက်လာမယ်။ " အောင်မြင်ခြင်းသည် ကံတရားနှင့် ဆိုင်သည့် ကိစ္စဖြစ်သည်။ သက်သေထူလိုလျှင် မည်သည့်အရှုံးသမားကိုမဆို မေးကြည့်ပါ " (အားလ် ဝီဆင်) (စာ- 25) "မင်းက အလကားကောင်ပါကွာ၊ ဘယ်တော့မှ အောင်မြင်မဲ့ကောင်မဟုတ်ပါဘူး" ကျနော်တို့ ဒီလိုအပြောခံရဖူးကြပါတယ်။ သူတို့တွေပြောတာမှားကြောင်း သက်သေပြဖို့ မအောင်မြင်ချင်ကြဖူးလားဗျာ။