ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနည်းများ

မောင်မြတ်မိုး

1000 Kyats ကျပ်
စာအုပ်နာမည်လေးဖတ်လိုက်တာနဲ့ စိတ်ဝင်စားသွားကြမယ်ထင်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနည်းများတဲ့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့၊ ထိပ်တိုက်ရင်ဆိုင်ကြရတဲ့ ပြဿနာတွေ ရှိပါတယ်။ အိမ်ဆိုအိမ်အလျောက်။ ကျောင်းဆိုကျောင်းအလျောက်။ အလုပ်မှာဆို အလုပ်အလျောက်။ ဥပမာ - မိတ်ဆွေရဲ့ သားက မိတ်ဆွေမထိုးရပါဘူးလို့ပြောထားတဲ့ တက်တူးကို ထိုးလာရင်ကော။ ဆရာမက ရန်ဖြစ်တဲ့ကျောင်းသားနှစ်ယောက်ကိစ္စဖြေရှင်းဖို့ကြုံလာရင်ကော။ အလုပ်မှာ အထက်အရာရှိက မိတ်ဆွေကိုပဲ မတရားဖိနှိပ် ခိုင်းစေနေတာခံရရင်ကော။ ဒီလို ထိပ်တိုက်ရင်ဆိုင်ရတာတွေ ရှိကြမှာပါ။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။ အနုနည်းနဲ့ သိမ်မွေ့စွာဖြေရှင်းကြမလား။ အကြမ်းနည်းသုံးကြမလား။ ပြဿနာတစ်ခုစီမှာ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနည်းကိုယ်စီရှိကြပါတယ်။ တစ်ခုနဲ့တစ်ခုမတူကြပါဘူး။ အောင်မြင်ကြသူတွေက အဲဒီလို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနည်းတွေသိပြီး ဖြေရှင်းတတ်ကြလို့ပါပဲ။ ကဲ အဲဒီဖြေရှင်းနည်းတွေ မသိချင်ကြဘူးလားဗျာ။ သိချင်ရင်တော့ (ထုံးစံအတိုင်း) ဘာသာပြန်စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တဲ့ ဒီစာအုပ်ဖတ်ဖို့ ညွှန်းပါရစေခင်ဗျာ။