အက်ဆေးချစ်သူ

မင်းလူ

600 Kyats ကျပ်
အက်ဆေးသည် စာဖတ်သူကို လှည့်စားခြင်း၊ ညွှန်ကြားခြင်း၊ ဆုံးမခြင်း၊ ပညာပေးခြင်းတို့ မပြုလုပ်ခြင်းပင် ဖြစ်၏။ များသောအားဖြင့် အက်ဆေးတို့သည် စာဖတ်သူကို တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်း၊ တင်ပြခြင်းသာ ပြုလေ့ရှိ၏။ တချို့ဝတ္ထုများသည် အက်ဆေးဆန်ကြပြီး တချို့အက်ဆေးတို့သည် ဝတ္ထုဆန်ကြသည်။ အထူးသဖြင့် ခုနောက်ပိုင်း ရေးကြသည့် မော်ဒန်ဝတ္ထုအချို့သည် ပို၍ အက်ဆေးဆန်လာကြ၏။ အက်ဆေးနှင့် ဝတ္ထုကြား စည်းခြားထားသည့် မျဉ်းကြောင်းသည် တဖြည်းဖြည်း မှေးမှိန်လာသည်။ ယခု အက်ဆေးအကြောင်း ရှင်းပြနေပုံကပင်လျှင် အက်ဆေးဆန်ကောင်း ဆန်နေပေလိမ့်မည်။