အင်းတော်ရှင်ရဲခေါင်နှင့် ရွာပျောက်ကြီး ရှာပုံတော်

ရှိုင်းဝေလင်း(ပုတီးကုန်း)

200 Kyats ကျပ်
အင်းတော်ရှင်ရဲခေါင်နဲ့ တပည့်ကျော် မဟာသိဒ္ဓိတို့ဟာ နဂါးနက်ပေစာကို ဝစင်္ကြာစေတီတော်မှာ ဌာပနာမှု အောင်မြင်အောင် ဆောင်ရွက်ပြီးနောက်မှာ မြေလျှောက်ဝိဇ္ဇာ အဘိုးအိုရဲ့ တာဝန်ပေးချက်အရ သီရိရုက္ခ ဆေးတောင်တော်မှာရှိပြီး ပျောက်ဆုံးနေတဲ့ ဂမုန်းတစ်ထောင် အပင်ကို ရှာဖွေဖို့အတွက် ပဲခူးရိုးမ တောထဲက ပျောက်ဆုံးနေတဲ့ ရွာပျောက်ကြီး ရှိရာဆီ စမ်းတဝါးဝါး ခရီးဆက်ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ တောစပ်ရောက်တဲ့အခါ ဆိုင်ရာပိုင်ရာတွေကို ခွင့်တောင်းဖို့၊ အကူအညီတောင်းဖို့အတွက် အင်းတော်ရှင်ရဲ့ အမိန့်နဲ့ ဆင့်ခေါ်တဲ့အခါ၊ မီးခိုးလုံး ဝုန်းခနဲ ပေါ်လာပြီး မီးခိုးကြားက တောင်ဝှေးကိုင် အဘိုးအိုတစ်ဦး ထွက်ပေါ်လာတယ်။ အဘိုးအိုက အင်းတော်ရှင်ကို သိနေပါတယ်။ နဂါးနက်ကြီးကို အနိုင်ယူပြီး နဂါးနက်ပေစာကို အရယူခဲ့တဲ့ အင်းတော်ရှင်ရဲခေါင်ဆိုတာကလည်း ဂန္ဓာရီလောကမှာ ထင်ရှားကျော်ကြားနေပြီလေ။ တကယ်တော့ အဘိုးအိုက ဒီတောစောင့်ပုဂ္ဂိုလ်မဟုတ်ပါဘူး။ တာနောနဲ့ ယက္ခဆိုတဲ့ ဘီလူးမှော်အောင်ထားသူနှစ်ယောက်ကြောင့် စည်းဖောက်မိပြီး အချုပ်ခံထားရတဲ့ တောစောင့်ပုဂ္ဂိုလ်ကိုယ်စား ဒီတောကို ယာယီစောင့်ရှောက်ပေးနေသူပဲ ဖြစ်ပါတယ်။ ကဲ … ဒီတော့၊ အင်းတော်ရှင်ရဲခေါင်တို့ ဆရာတပည့်ရဲ့ ဂမုန်းတစ်ထောင်အပင်နဲ့ ရွာပျောက်ကြီးရှာပုံတော်က ဘယ်လို ထူးခြားဆန်းကြယ် အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေမလဲဆိုတာ စာချစ်သူတို့ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါဦးနော်။