သူရေးသီဖွဲ့ချစ်ခွန်းချိုချို

နှင်းသီရိကျက်သရေ

800 Kyats ကျပ်
နေသွေးနီနဲ့ အင်ဒိုနီးရှားသူလေး မက်(စ်) တို့က မထင်မှတ်ဘဲဆုံတွေ့ခဲ့ကြတာ ! တွေ့ပုံကိုပြောရရင် မက်(စ်)က နေကို သူသိပ်ချစ်ခဲ့တဲ့ ကောင်မလေး ရွှေနှင်းဆီနဲ့ တူလို့ဆိုပြီးတော့ပါ။ ရွှေနှင်းဆီက နေကို သိပ်ချစ်ခဲ့သလောက် နေက အရေးမလုပ်ခဲ့ဘူးတဲ့။ နောင်တဆိုတာ နောင်မှရတယ်ဆိုတဲ့အတိုင်း ရွှေနှင်းဆီ ဆုံးသွားမှပဲ နေက ရွှေနှင်းဆီကို သူလည်း သိပ်ချစ်မှန်း သိခဲ့တယ်တဲ့လေ။ အဲဒီလိုနဲ့ အတိတ်ကိုမေ့ဖျောက်ပြီး နေခဲ့ကာမှ မက်(စ်) ဆိုတဲ့ ကောင်မလေးနဲ့ဆုံခဲ့ရပြန်တယ်။ နောက်တော့ နေ မြန်မာပြည်ကိုပြန်လာတယ်။ အဲဒီအခါကျ၊ မက်(စ်)နဲ့ တူတဲ့ မိန်းကလေးတစ်ယောက်နဲ့ ထပ်မံ ဆုံတွေ့ရပြန်ရော။ ကံကြမ္မာက ဆန်းတော့ဆန်းသားနော်။ ဆန်းကြယ်တဲ့ တွေ့ဆုံမှုတွေကြားမှာ နေသွေးနီတစ်ယောက် အတိတ်က နောင်တတွေကို ဖျောက်ဖျက်နိုင်မလားဆိုတာကို စိတ်ထဲမှာ အရမ်းကို သိချင်ပြီး ဒီဝတ္ထုကို ဖတ်ဖြစ်သွားတာပါပဲ။ ဘယ်အရာမှ တိုက်ဆိုင်ပြီး ဖြစ်ပျက်လာတာ မရှိဘူး။ အရာရာဟာ အကြောင်းတစ်စုံတရာ ရှိလို့ကို ဖြစ်ပျက်ပေါ်ပေါက်လာတာလို့ ပြောရမယ်။ ဒါဆို၊ နေသွေးနီအတွက် အဲဒီအကြောင်းအရင်းဟာ ဘာများဖြစ်နေမလဲ ?