ချစ်လိပ်ပြာရယ် ငိုပါနဲ့ကွယ်

နွဲ့ယိမ်းခင်

500 Kyats ကျပ်
❤️သုတသွေး က ချမ်းသာတယ်။ စီးပွားရေးမှာလည်း အမြင်ရှိတယ်။ နောက်တစ်ယောက်က ခင်လေး။ သူက သာမန်လူတန်းစားကပဲ။ သူ့မှာ ထူးခြားတာကတော့ အမြဲတမ်းနမော်နမဲ့နိုင်နေတတ်တာပါပဲ။ အဲဒီ နမော်နမဲ့နိုင်မှုကြောင့်ပဲ သွေးနဲ့ ခင်လေးဆုံခဲ့ရတာပေါ့။ နောက်ပိုင်း သွေးက ခင်လေးကို စွဲလမ်းသွားတယ်။ ဒီတော့ ခင်လေးကို သူ့အနားမှာ မရရတဲ့နည်းနဲ့ခေါ်ထားတယ်။ ❤️ဒါပေမဲ့ သွေးမှာက မေစူးဆိုတဲ့ ချစ်သူရှိနေပြန်တယ်။ သွေးက မေစူးကို တကယ်မချစ်သလို၊ မေစူး မှာကလည်း လက်ထပ်ဖို့ရည်ရွယ်ထားသူ ရှိနေတယ်တဲ့။ နောက်ပြီး လွမ်းဆွတ်မှုတစ်ခုခုကို အမြဲလိုလို ခံစားနေရတတ်တဲ့ ခင်လေး။ သူကရော ဘယ်သူ့ကိုလွမ်းနေတာလဲ? ဝတ္ထုက စလာကတည်းက ဒီလိုစိတ်ဝင်စားဖို့ကောင်းတာပါ။ နောက်ပိုင်းမှာလည်း နာကျင်မှုတွေ၊ နွမ်းလျမှုတွေ၊ ချစ်ခြင်းတွေကို ရင်ထဲအပြည့်ခံစားရမှာဖြစ်လို့ ဖတ်ကြည့်ကြပါဦး။