နေကြာပန်းလေးတစ်ပွင့်လို ပြုံးပါ

နိုင်းနိုင်းစနေ

1000 Kyats ကျပ်
... ဘဝရဲ့ အတောမသတ်ခြင်းက အချိန်အတွက် အကောင်းဆုံး ဖြေရှင်းချက်ပေါ့။ အချိန်ကို ပြောင်းလဲနိုင်သည် ဖြစ်စေ။ မပြောင်းလဲနိုင်သည် ဖြစ်စေ ရှင်သန်နေချိန်မှာ အချိန်ကို တစ်စက္ကန့်၊ တစ်မိနစ် ဖမ်းဆုပ်ပြီး ဘဝအတွက်၊ တောက်ပမှုအတွက် အချိန်နဲ့အမျှ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ လုပ်ဆောင်နေဖို့ပါပဲ။ (နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ) ထိခိုက်နာကျင်ခဲ့လည်း၊ နွေဦးထွက်သွားပြီ ဆိုပေမယ့်လည်း …. မျှော်လင့်ချက် ရှိနေသရွေ့ ဝမ်းမနည်းပါနဲ့ … (သစ်ငုတ်တိုမှာလည်း နွေဦးရာသီရှိတယ်) တကယ်တော့ လောကမှာရှိတဲ့ ပန်းတစ်ပွင့်တိုင်းက မွှေးခဲ့ဖူးတယ်။ လှခဲ့ဖူးတယ်။ ပွင့်ခဲ့ဖူးတယ်။ လန်းဆန်းခဲ့ဖူးတယ်။ ပျား၊ ပိတုန်းတွေ နမ်းရှုတ်ခဲ့ဖူးတယ်။ လိပ်ပြာတွေနဲ့ တွေ့ဆုံခဲ့ဖူးတယ်။ လေနုအေးတွေ အဖော်ပြုခဲ့ဖူးတယ်။ နေရောင်တွေ ထွေးပွေ့ခဲ့ဖူးတယ်။ ရှင်သန်လာတာကနေ ဖူးပွင့် သေဆုံးသွားတဲ့အထိ လူတွေ မတွေ့ရှိခဲ့ဖူးလည်း၊ တစ်လောကလုံးက အသိအမှတ် မပြုခဲ့ဖူးလည်း … သူကတော့ အစွမ်းကုန် လှလှပပ ဖူးပွင့်နေမှာပါပဲ။