အမေ့လက်ရေးစာစုများ

နိုင်းနိုင်းစနေ

1000 Kyats ကျပ်
(၁၉၉၉) ခုနှစ်၊ စက်တင်ဘာလမှာ ဆရာမနိုင်းနိုင်းစနေရဲ့ မိခင်ကြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပါတယ်။ ဒီအချိန်မှာ ဆရာမက အမေ့အနားမှာ ရှိမနေခဲ့ပါဘူး။ အဝေးရောက်နေခဲ့ချိန်ပေါ့။ အမိမဲ့သား ရေနည်းငါး ဆိုတဲ့ စကားအတိုင်းပဲ၊ အမေမရှိတော့တဲ့အချိန်မှာ အမေ့ကို လွမ်းတဲ့စိတ်နဲ့ အမေနဲ့ပတ်သက်တဲ့ စာတွေကို ဘာသာပြန်ပြီး ဆရာမ ရေးဖြစ်ခဲ့ပါတယ်။ အမေ့လက်ရေးတဲ့။ အမေ့လက်ရေးနဲ့ ရေးဖြစ်ခဲ့တဲ့ စာတွေက အမေကိုချစ်တဲ့ သားသမီးတိုင်းအတွက်၊ အမေ့မေတ္တာကို လွမ်းဆွတ်ခံစားနေကြရတဲ့ သားသမီးတိုင်းအတွက် ထိရှကြေကွဲစရာ ခံစားမှုတွေ ပြည့်နေမှာ သေချာပါတယ်။