ကျွန်တော်နှင့်ကြယ်စင်စုခရီး

နိုင်ဇော် (Lazy Club)

600 Kyats ကျပ်
ကျွန်တော်တို့တွေက ကျွန်တော်တို့ အနုပညာ အောင်မြင်ဖို့အတွက် ထမင်းတစ်နပ် အငတ်ခံရင် ခံမယ်ဆိုတဲ့ အချိန်၊ ထမင်းတစ်နပ်တော့ အငတ်မခံနိုင်ဘူး၊ အနုပညာပဲ အငတ်ခံမယ်လို့ ဆုံးဖြတ်ကြသူတွေလည်း လောကကြီးမှာ ရှိကြသေးပါလားလို့ တွေးမိပြီး ပုံပြင်တစ်ပုဒ်ကို သတိရမိပါတယ်။ လှေတစ်စီးပေါ်မှာ လူ ၁၀၀ လိုက်လာချိန်၊ လူတစ်ယောက်က မြစ်အလယ်ရောက်တော့ လှေရဲ့ ကြမ်းပြင်ကို သူ့လက်ထဲက ဓားနဲ့ ဖောက်နေပါတယ်။ လှေထဲ ရေ၀င်ရင် လှေမြှုပ်ပြီး ခရီးသည်တွေ အကုန် ရေနစ်သေမှာ စိုးရိမ်မိတဲ့ ခရီးသည်တစ်ယောက်က “ခင်ဗျား ဘာဖြစ်လို့ လှေကို ဖောက်နေတာလဲ” လို့ တားလိုက်ပါတယ်။ အဲဒီ လှေဖောက်သူ ခရီးသည်က “မင်းတို့နဲ့ မဆိုင်ဘူး၊ ငါစီးတဲ့လှေ ငါဖောက်တာ” ဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့် အနာဂတ် အနုပညာရှင်တွေရဲ့ နိုင်ငံခြား ခရီးစဉ် ဖျော်ဖြေပွဲတွေ ဒုက္ခမရောက်၊ အထင်အမြင် လွဲမှားမခံစေချင်၊ သိက္ခာမကျဆင်းစေချင်တဲ့ စေတနာနဲ့ ကြယ်စင်စုခရီး ဆောင်းပါးရှည်ကြီးကို အခက်အခဲအမျိုးမျိုးကြား ဝေဖန်သူ၊ ခြိမ်းခြောက်သူ၊ ကဲ့ရဲ့သူ၊ အားပေးသူတွေကြားက ရေးသားခဲ့ရပါတယ်။ နိဂုံးချုပ်အနေနဲ့ “သမိုင်းကို ဘာကြောင့် သင်သလဲ”ဆိုတဲ့ အမေးကို “မအ,အောင် သင်တယ်”လို့ ဆရာကြီးဒေါက်တာသန်းထွန်း ပြန်ဖြေတာ ဖတ်ခဲ့ရတာကြောင့် ကျွန်တော်ကလည်း ‘ကြယ်စင်စုခရီး အခန်းဆက် ဆောင်းပါးရှည်ကြီး’ ဘာလို့ ရေးသလဲလို့ မေးသူရှိခဲ့ရင် အနုပညာသမားတွေရဲ့ အတွေ့အကြုံ သင်ခန်းစာတွေကို မျိုးဆက်သစ်အနုပညာရှင်တွေ၊ စာဖတ်ပရိသတ်တွေ ယူတတ်စေဖို့ ရေးရတယ် လို့ပဲ အဖြေပေးရင် ကျေနပ်နိုင်ကြမယ် ထင်ပါတယ်။ ကျွန်တော်နှင့် ကြယ်စင်စုခရီး နိုင်ဇော်