နှင်းကြာပန်းနှင့် နှင်းဘီလူးဝိညာဉ်

တွိစက်ခ

800 Kyats ကျပ်
ဒီတစ်ခါတော့ ဒေါက်တာမင်းထင်ကျော်က ပင်လယ်တွေ၊ တောတောင်တွေထဲ မသွားတော့ဘူး။ နှင်းတောင်ဖက်ကို ခြေဦးလှည့်ပြီ။ ဇာတ်လမ်းအစမှာ ဒေါက်တာမင်းထင်ကျော်က အသက်ရှည်၊ အနာကင်းဆေးဖြစ်တဲ့ နှင်းကြာပန်းအကြောင်းကို သုတေသနပြုနေတာ။ ညရောက်တော့ နှင်းကြာပန်းဝိညာဉ်အကြောင်း အိပ်မက်မက်တယ်၊ မနက်ရောက်တော့ သူ့အိမ်ကို ဝတ်စုံအဖြူရောင်နဲ့ မိန်းကလေးတစ်ယောက် ကြာပန်းတစ်ပွင့် လာပေးသွားတာကြုံရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပါမောက္ခမောရစ်ဆင်တို့အဖွဲ့က ဟိမဝန္တာတောင်ပေါ်က နှင်းဘီလူးတွေအကြောင်းနဲ့ ဆေးမြစ်၊ ဆေးဥတွေကို သွားပြီးလေ့လာမှာတဲ့ ! နှင်းဘီလူးတွေနဲ့ နှင်းကြာပန်းအကြားမှာလည်း ထူးဆန်းတဲ့ ဆက်နွယ်မှုတွေက ရှိနေပြန်တယ်။ ဖတ်ရတာ စိတ်ဝင်စားဖို့ကတော့ ကောင်းပြီးရင်းကောင်းပဲ။ ဒီဂမ္ဘီရဆန်းကြယ်ဝတ္ထုကြီးက ဖတ်ရတာ တစ်အုပ်လုံး ရင်ထိတ်စရာ၊ စိတ်ဝင်စားစရာ အပြည့်နဲ့မို့ အားလုံးဖတ်လို့ရအောင် တင်ပေးလိုက်ပါတယ်ဗျ။