မဟူရာခင်ခင်

တွိစက်ခ

800 Kyats ကျပ်
ဦးသာထွန်းတို့က တော်လှန်ရေးသမားတွေပါ။ သိန္နီနဲ့ ကွမ်းလုံတောထဲက ဂူတစ်ဂူထဲမှာ တပ်ချပြီး ခိုလှုံနေတုန်း ဂူအတွင်းနက်နက်ထဲမှာ ပြဒါးတွေအများကြီး တွေ့ခဲ့ရသလို ပြဒါးဖြူမြွေကြီးတစ်ကောင်ကိုလည်း ရင်ဆိုင်ခဲ့ကြရတယ်။ နောက်တော့ ဦးသာထွန်း၊ သမီးခင်ခင်နဲ့ တော်လှန်ရေးတပ်သားတွေအကြောင်း ဘာမှ ဆက်မသိရတော့ဘူး။ ငါးနှစ်လောက်ကြာတဲ့အခါ၊ စိုင်းနော် တို့လူတစ်ခုက အဲဒီဂူကိုသွားတော့ ရွှေတုံးတချို့ရခဲ့ပြန်တယ်။ ထူးဆန်းမှုတချို့ကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါက အဲဒီဂူနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေပေါ့။ တစ်ရက်တော့ ... ဒေါက်တာမင်းထင်ကျော်ဆီကို မဟူရာခင်ခင် ဆိုတဲ့ အမျိုးသမီးတစ်ဦးရောက်လာပြီး သူ့အဖေကို ဆေးကုပေးဖို့ပြောတယ်။ လူနာက တောထဲမှာတဲ့ ! နောက်ပြီး ဒေါက်တာမင်းထင်ကျော်ကို စိုင်းနော်တို့ရခဲ့တဲ့ ရွှေတုံးတွေနဲ့ပုံစံတူတဲ့ ရွှေတုံးတွေပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး၊ ဒီဇာတ်လမ်းက ဇာတ်ရှိန်မြင့်တော့တာပဲ။ မဟူရာခင်ခင်နဲ့ ပြဒါးဂူ ဘယ်လို ဆက်စပ်မှုတွေ ရှိနေတာလဲ ? ဒေါက်တာမင်းထင်ကျော်ကရော ဘယ်လိုမျိုး ဂမ္ဘီရအဖြစ်အပျက်တွေကို ရင်ဆိုင် ဖြေရှင်းရဦးမလဲဆိုတာ ..