ကြယ်နဂါးနဲ့ရွှေသားလိုဏ်ဂူ

တွိစက်က

800 Kyats ကျပ်
ဝတ္ထုအစက ဂျပန်ခေတ်။ ဦးဘမှန်၊ ဦးဘဟန်၊ ဦးဘစံ၊ ဦးဘထိုက်နဲ့ ဦးဘသိုက်တို့က သေမင်းတမန် ရထားလမ်းဖောက်ဖို့ ချွေးတပ်ဆွဲတဲ့အထဲ ပါသွားကြတယ်။ ဒုက္ခသုက္ခပေါင်းစုံကို ခံစားပြီး အသက်ရှင်နေရချိန် ချွေးတပ်သားတွေထဲက သိန်းဆောင်ဆိုသူနဲ့ အခြားသူတွေနဲ့ပါ ခင်ခဲ့ကြတယ်။ သိန်းဆောင်က ချွေးတပ်သားအဖြစ် တမင်လိုက်လာတာတဲ့! သူ့အဘိုး ဓားပြကြီး ဝှက်ခဲ့တဲ့ ရတနာတွေကို ရှာဖို့တဲ့ !! နောက်တော့ သိန်းဆောင်တို့ ချွေးတပ်ကနေ ထွက်ပြေးကြတယ်။ ပြီးတော့ ဦးဘသိုက်တို့ထွက်ပြေးတယ်။ အဲဒီမှာ ရတနာမြေပုံရှာဖို့ တောင်ညိုတောင်တန်း၊ လင်းနို့ဂူက၊ ကြယ်နဂါးအရုပ်ကို သူတို့သွားရှာခဲ့တယ်။ အဲဒီအရုပ်ကို ငါးပိုင်းပိုင်းယူကြတယ်။ နောက်မှပြန်ဆုံပြီး ရတနာကိုရှာယူကြမယ်တဲ့။