သုံးပန္လွ

တြိစက္က

800 Kyats ကျပ်
ဒီစာအုပ်က ဆရာတြိစက္ကရဲ့ (၃၈၅) အုပ်မြောက် ထုတ်ဝေထားတဲ့ ဂမ္ဘီရစာအုပ်ပါ။ ဆရာတြိစက္ကက ဒီစာအုပ်ထွက်ဖို့ ၂၃ နှစ်လောက် ကြာသွားတယ်လို့ ဆိုပါတယ်။ အဘအောင်မင်းခေါင်ရဲ့ အတ္တုပ္ပတ္တိ မှတ်တမ်းတွေကို ရရှိထားခဲ့တာ (၁၉၉၄) ခုနှစ် ဝန်းကျင်ကတည်းက ဆိုပေမဲ့ (၂၃) နှစ်လောက်ကြာပြီးမှ စာအုပ်အဖြစ် ထွက်လာခဲ့တာပါ။ အဲဒီအချိန်မှာ စာရေးသူအနေနဲ့ ပုပ္ပား၊ တောင်ဦးရွာ၊ စင်မြင့်ရွာ၊ နမ္မား စတဲ့ နေရာတွေရောက်ခဲ့တုန်းက၊ မှတ်တမ်းတွေရရှိအောင် အကူအညီပေးခဲ့တဲ့ ပုဂ္ဂိုလ်အချို့တောင် အခုချိန်မှာ မရှိတော့ဘူးလို့ဆိုပါတယ်။ ဒီစာအုပ်ထဲမှာ ဝိဇ္ဇာတွေအကြောင်း၊ မန္တာန်တွေအကြောင်း၊ ရသေ့တွေအကြောင်းတွေ ရှင်းလင်းတင်ပြထားသလို သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ပုပ္ပားတောင်က ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေအကြောင်း၊ စင်မြင့်ရွာက သိဒ္ဓိရှိသူအကြောင်း၊ ခရုချောင်းက ပုဂ္ဂိုလ်ထူးတွေ၊ ဆေးပင်တွေအကြောင်း၊ အဘအောင်မင်းခေါင်အကြောင်း၊ ရွှေတိဂုံစေတီတော်အကြောင်းတို့အပြင် ဂမ္ဘီရနဲ့ နွယ်တဲ့ ဇာတ်လမ်းဖြစ်ရပ်တွေကို တဝကြီး ဖတ်လို့ရမှာပဲ ဖြစ်ပါတယ်။