ပုလဲဝိညာဉ်နှင့် ကံကြမ္မာကလဲ့စား

တွိစက်က

800 Kyats ကျပ်
ဒီဝတ္ထုကတော့ ဂမ္ဘီရဇာတ်လမ်း ကြိုက်တဲ့သူတွေအတွက်လို့ ပြောရမယ်။ ပုလဲနက်ကြီးတစ်လုံးရဲ့ဝိညာဉ်ကနေ ဝင်စားတယ်လို့ အများက ယုံကြည်ထားတဲ့ ပုလဲသူဇာဆိုတဲ့ ကောင်မလေး။ သူ မွေးတဲ့နေ့မှာပဲ မိဘတွေ ဆုံးသွားတယ်။ နောက်ပိုင်းမှာလည်း သူ့ကို စိတ်အနှောက်အယှက်ပေး၊ ဒုက္ခပေးတဲ့လူတွေအားလုံး တစ်နည်းမဟုတ်တစ်နည်း တစ်မျိုးမဟုတ်တစ်မျိုးနဲ့ ဒုက္ခရောက်ကြတယ်။ သူကတော့ တော်တော်ကို ထူးဆန်းတဲ့ကောင်မလေးပဲ။ အဘွားဒေါ်မင်းဇာကလည်း တကယ်တော်တဲ့ နတ်ဆရာ။ ဒီဇာတ်လမ်းထဲမှာ သူတို့နှစ်ယောက် အကြောင်းကို စိတ်ဝင်စားဖို့ကောင်းအောင် ပြောပြထားပါတယ်။ နောက်ပြီး ပုလဲသူဇာနဲ့ ယှက်နွယ်လာမယ့် ကိုဇော်ခိုင်။ ပုလဲသူဇာတို့ မြေးအဖွားကို မကောင်းကြံသူတွေ၊ ကြောက်ဖို့ကောင်းတဲ့ နာနာဘာဝတွေ၊ ထူးဆန်းတဲ့ ပုလဲမျက်ရှင်နဲ့ တခြားသံဝေဂရစရာတွေကို အခုတင်ထားတဲ့ ဂမ္ဘီရဆန်းကြယ် ဝတ္ထုထဲမှာ ဖတ်ရှုမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဆရာ့ပရိသတ်တွေ လက်မလွတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။