မရဏဂယက်

တွိစက်က

800 Kyats ကျပ်
ကောင်းမှုလုံရွာကြီးက ကောင်းမှုလုံစေတီ မြစ်ကမ်းအနီးမှာ ငါးငုပ်ရင်း အနီရောင်အလင်းတန်းတွေကို ဘိုးခွေးနဲ့ ငနီတို့နှစ်ယောက် မြင်ခဲ့ရတယ်။ ဒီဇာတ်လမ်းက အဲဒီဝတ္ထုအစ၊ အဖြစ်အပျက်မှာကတည်းက စိတ်ဝင်စားဖို့ ကောင်းနေတာ။ နောက်ပြီး ထူးဆန်းတာက သူတို့တွေ့ခဲ့တဲ့ လှေတစ်စီးစာလောက်ရှိတဲ့ ငါးကြီး ! တကယ်တော့ အဲဒီမြစ်ကမ်းမှာ ငါးမရှာရဘူးလို့ သတ်မှတ်ထားကြတာ။ ဒါပေမဲ့၊ ငါးကြီးသတင်းကို ကြားပြီး ဖမ်းချင်နေတာက ရေမုဆိုးကြီး ဦးဘိုကွန်း။ နောက်တစ်ယောက်ကတော့ သစ်တောအရာရှိ စောနောင်။ စောနောင်ဆိုလို့ သူနဲ့ မတော်တဆတွေ့ခဲ့ရတဲ့ အဘိုးကြီးကလည်း စိတ်ဝင်စားစရာ။ အဘိုးကြီးက တာတောင်တွေထဲမှာ တရားအားထုတ်နေသူ၊ စောနောင်နဲ့ အမှတ်မထင် ပြန်ဆုံတဲ့အခါ၊ အဘိုးကြီးက စောနောင်ကို အရေးကြုံလာရင် အသုံးချလို့ရတဲ့ ဂမုန်းနီရွက်ကို လက်ဆောင်ပေးခဲ့ဖူးပါတယ်။ ဒီအဖြစ်အပျက်တွေက နောက်တော့ ဘယ်လိုမျိုးတွေ ဆက်စပ်သွားပြီး မရဏဂယက်ဆီ အရောက်ခေါ်သွားမလဲ ဆိုတာကတော့ !