နှလုံးသွေးနဲ့မှုန်းခြယ်တဲ့ သစ်ပင်

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
နာတာရှည်ရောဂါသည် အဖိုးအိုကို ပြုစုဖို့ အမျိုးသားသူနာပြု ခေါ်နေတယ်ဆိုတဲ့ သတင်းကို သူငယ်ချင်းဖြစ်သူက ပြောလာတော့ နွေနှောင်းခါ ဝမ်းသာသွားတယ်။ အရပ် (၅) ပေ (၃)၊ ပိန်သွယ်သွယ်ပုံစံ မိန်းကလေးတစ်ယောက်ကနေ ဆံပင်တိုတိုညှပ်ပြီး ယောက်ျားလေးပုံစံပြောင်းလို့ နွေနှောင်းခါတစ်ယောက် အလုပ်လျှောက်ဖို့ ရောက်သွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ နွေနှောင်းခါကို အလုပ်ခန့်လိုက်တယ်။ ကံဆိုးတာကတော့ ပြုစုရမယ့် လူနာက အမျိုးသားဖြစ်နေတာပဲ။ နွေနှောင်းခါတစ်ယောက် အလုပ်သာ လုပ်နေရပေမဲ့ စိတ်တထင့်ထင့်။ ဒါပေမဲ့ အဘိုးဦးမင်းထွဋ်နဲ့ နွေနှောင်းခါတို့ အတော်လေး အဆင်ပြေခဲ့တယ်။ အဘိုးက သူ့ကို မြေးတစ်ယောက်လို သဘောထားပြီး အစစ ရင်ဖွင့်တယ်။ နွေနှောင်းခါ သိလာရတာက အဘိုးရဲ့အိမ်မှာ အတွင်းမီးတွေ ရှိနေတယ် ဆိုတာပါပဲ။