တောနဲ့တောင်စွယ် အချစ်နဲ့အမုန်းရယ်

ကြယ်စင်မှူးဝေ

700 Kyats ကျပ်
“သစ်ငုတ်တောင် နှဲ့ပါများရင် နဲ့သတဲ့ကိုကို၊ တော်ကြာ သူတို့အပြောတွေကို ကိုကို ယုံသွားမှာ စိုးပါ တယ်၊ သူတို့က အမျိုးမျိုး လိမ်လည်လှည့်ဖြားနေကြတဲ့အပြင် ဟိုလူကြီးကို အိမ်ထိခေါ်,ခေါ်လာကြတယ်” [ရွှေယွန်းမို] “မင်းရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်ကို ငါချီးကျူးပါတယ်၊ ဒါပေမဲ့ မင်း အစွန်းရောက်နေပြီ၊ ကိုယ် ဘာမှ မဟုတ်ဘူးဆိုတာ မင်းကိုယ်တိုင်လည်း သိတယ်၊ ငါနဲ့ ဘွားလည်း လက်ခံတယ်၊ အနှောင့်အယှက်၊ အတိုက် အခိုက်တွေကြောင့် ဘဝကို သိမ်ငယ်နေမယ်၊ ပန်းတိုင်ကို ဆက်မသွားတော့ဘူးဆိုရင် မင်းပဲ နစ်နာမှာပေါ့၊ ခွေးဟောင်လို့တောင် မရွေ့ပါဘူးကွာ” [ဇွဲနရဏီ] ❤️ ရွှေယွန်းမိုနဲ့ ဇွဲနရဏီတို့ ဆုံဖြစ်ပုံကဒီလို။ရွှေက ဇွဲတို့ ကုမ္ပဏီမှာ အလုပ်လာလျှောက်တယ်။ ဒါပေမဲ့ ကုမ္ပဏီအလုပ်တော့မရဘူး။ ဇွဲရဲ့အဖွားကို ပြုစုရမယ့်အလုပ်ကို ရသွားတယ်။ အိမ်ရောက်တော့မှ သိရတာက ဇွဲရဲ့မရီးက အိမ်မှာကပ်နေပြီး အမျိုးတွေ အိမ်ပေါ်ခေါ်တင်၊ အမွေတွေအားလုံးကို မက်နေပြီး ခြယ်လှယ်ဖို့ကြိုးစားနေတာပါပဲ။ ဇွဲရဲ့အစ်ကို သေဆုံးရတဲ့ အကြောင်းအရင်းအမှန်၊ ဇွဲ မရီးနဲ့ အပေါင်းအဖော်တွေရဲ့ အကောက်ကြံမှု၊ ရိုင်းစိုင်းယုတ်မာမှုတွေကို မြင်တွေ့ရတာ တကယ်ကို ဒေါသထွက်စရာကောင်းလွန်းပါတယ်။ တစ်ဖက်မှာလည်း ဖြူစင်ပြီး မဟုတ်မခံစိတ်ရှိတဲ့ ရွှေနဲ့ ဇွဲတို့ရဲ့ နှလုံးသားရေးရာ ကိုဖတ်ရတာတော့ တကယ်ကို ရင်ထဲနွေးရတယ်။ အချစ်ဝတ္ထုကောင်းကောင်း ဖတ်ချင်သူတွေ ကျေနပ်မယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။