ဆူးတစ်ပွင့်ရဲ့ဒဏ္ဍာရီ

ကြယ်စင်မှူးဝေ

700 Kyats ကျပ်
“ရွယ်က လူမသိသူမသိ ယူထားတဲ့မိန်းမပဲ၊ ဘာတန်ဖိုးထားစရာရှိလဲ၊ ကိုကြီးငြီးငွေ့သွားရင် ထားခဲ့ပေါ့၊ လူတွေ သိသွားတဲ့တစ်နေ့ကျ ထားခဲ့ပေါ့၊ ရပါတယ်။ ခုလည်း ရွယ်က ကိုကြီးတို့ မိသားစုအတွက် ဗီလိန်မကြီးပေါ့နော် ရင်နာတယ်သိလား၊ ရွယ် ကိုယ့်ဘဝကိုယ် ရင်နာတယ်၊ ယောက်ျားနဲ့ ဘုရားသွား ကျောင်းတက်လည်း နေခွင့်မရ၊ အတူတွဲသွားတွဲလာလည်း နေခွင့်မရ၊ ကျွန်မက ဘာလဲဟင် ကျွန်မက အပျော် …” [ဖြူစင်ရွယ်] " ယောက်ျားတွေ ဘာယုံစရာ ရှိသလဲ။ ဖေဖေငယ်ငယ်ကလည်း မေမေ့ကို ကြွေခဲ့တာပဲ။ ချွေခဲ့တာပဲ။ ပြီးတော့ ပျားအိမ်ဟောင်းကို ပျားတို့ စွန့်ခွာသလိုမျိုး … ရေခန်းမြစ်ကို ငါးတို့ စွန့်ခွာသလိုမျိုး အသီးမသီးတော့တဲ့ သစ်ပင်ကို ငှက်တို့ စွန့်ခွာသလိုမျိုးသူတို့ အလိုပြည့်တဲ့အခါ စွန့်ခွာထားခဲ့ကြမှာပါ" [ဖြူစင်ကြယ်]