တစ်သိုက် တစ်မြုံ တစ်ထွေး

ကြပ်ကလေး

800 Kyats ကျပ်
ဒီဝတ္ထုက ဆရာကြပ်ကလေးရဲ့ တွေးတွေးပြီး ရယ်ရမယ့် ဟာသလုံးချင်းဝတ္ထုတစ်ပုဒ်ပါ။ ဇာတ်လမ်းဖွဲ့စည်းပုံက ရှင်းလင်းသလို ဝတ္ထုထဲမှာ ပါတဲ့ ဟာသအလွဲလေးတွေကလည်း ထိမိတယ်။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်၊ သတိမထားမိတဲ့ ကိစ္စရပ်တချို့တွေကနေ ဖြစ်လာတဲ့ ဟာသတွေက ဖတ်ရှုသူတွေရဲ့စိတ်ကို ရွှင်လန်းစေမှာပါ။ ဒေါ်စန်းရှင်တို့ အိမ်မှာ ခင်ပွန်းဖြစ်သူ ဦးမြတ်သာ အသတ်ခံရပြီးတဲ့နောက် ဒေါ်စန်းရှင်အပါအဝင် မူမူသွယ်၊ ဒေါ်အေးသာနဲ့ မဂွမ်းပုံဆိုပြီး မိန်းမသားလေးယောက်ပဲ ကျန်ခဲ့တယ်။ ဒီတော့ လူသတ်သမားကိုကြောက်လို့ ယောက်ျားသားတစ်ယောက်ကို အိမ်မှာ ခဏလာနေပြီး ကာကွယ်ပေးဖို့ တစ်ယောက်တစ်မျိုးစီ အကူအညီတောင်းကြပြီးတဲ့နောက်… ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဝတ္ထုထဲမှာ ရယ်စရာလေးတွေနဲ့ အတူ ခံစားကြည့်ကြပါဦး။