နွမ်းလျအိမ်ပြန်

ကြည်အေး

1000 Kyats ကျပ်
ကျွန်မသည် စာရေးနေသည့် ထိုကာလအတွင်းမှ ရိုးဖြောင့်သော၊ ဟန်မဆောင်သော၊ မကြွားဝါသော၊ စေတနာဖြူသော နှလုံးထားမြဲ ဖြစ်သည်ကို ဝန်ခံနိုင်လေရာ ကျွန်မအတွက် ဘာမှ ရှက်ကြောက်ဖွယ် မရှိသည်ကို စဉ်းစားမိပါသည်။ (ထိုနှလုံးသားမျိုး ထားသည်ကို ကျွန်မ ဂုဏ်မောက်၍ မပြောပါ။ ကျွန်မတို့သည် ထိုနှလုံးဖြင့် မွေးလာခဲ့ကြသည်လို့ ယုံကြည်ပါသည်။ ဂျာမန်ကဗျာဆရာ ဘားတော့ဘရက် ပြောသလို မာန်နတ်၏ မျက်နှာဖုံးရုပ်ပုံကို ကြည့်လျှင် ယုတ်မာဖို့ရာ ဘယ်လောက် တပင်တပန်း လုပ်ရသည်။ လုံ့လထုတ်ရသည်ကို သိနိုင်ပေသည်။) ထို့ကြောင့် ကျွန်မသည် မရှက်ကြောက် မတွန့်ဆုတ်တော့ဘဲ ၁၅ နှစ်နှင့် အနှစ် ၂၀ အချိန်တွင်းက ရေးခဲ့သည့် ကျွန်မ၏ ဝတ္ထုနှစ်ပုဒ်ကို တစိုးတစိမျှ မပြင်ဆင် မဖြည့်စွက် မဖြတ်တောက်ဘဲ ရိုက်နှိပ်စေခဲ့ပါသည်။