ဖုန်းသက်တိုင်

ကြည်အေး

1000 Kyats ကျပ်
ဆရာမကြည်အေးရဲ့ ဝတ္ထုတွေထဲမှာ ‘ဖုန်းသက်တိုင်’ ကို အတော်လေး ကြိုက်နှစ်သက်ကြတယ်။ တချို့ကပြောတယ် ‘မီ’ ထက် ‘ဖုန်းသက်တိုင်’ ကို အကြိုက်ဆုံးပဲတဲ့။ အမျိုးသားဇာတ်ကောင်ဖြစ်တဲ့ ‘ကိုဖုန်းခင်’ ရဲ့ စိတ် အခြေအနေကို တင်ပြတဲ့အခါ ဆရာမကြည်အေးရဲ့ အရေးအသားကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ထက်ထက်မြက်မြက်ရှိပြီး ယောက်ျားလေးတွေနဲ့ ယှဉ်ပြီး ပြောရဲဆိုရဲပေါင်းသင်းရဲသူ ‘မေမေစိန်’ ကို စိတ်မဝင်စားသလို နေနေရင်းနဲ့ ချစ်မိသွားတဲ့ ကိုဖုန်းခင်။ မိန်းမတစ်ယောက်ရဲ့ ပြတ်သားရဲရင့်တဲ့ ခံယူချက်နဲ့ ထက်မြက်တဲ့ ဆုံးဖြတ်ချက်တွေကို ဖော်ထုတ်ရာမှာ သိပ်ကို ပြောင်မြောက်တဲ့ ‘မေမေစိန်’ ရဲ့ ဇာတ်ကောင်စရိုက် စတာနဲ့အတူ၊ ဆရာမကြည်အေးရဲ့ ဝတ္ထုထဲမှာ ‘ဖုန်းသက်တိုင်’ ကို မဖြစ်မနေ ဖတ်ဖူးသင့်တယ်လို့ ဆိုပါရစေ။