ဝင်ကစွပ်ဧည့်သည်

မွသန်တာ

800 Kyats ကျပ်
ရောင်ဝင်းထွဋ်က လောကမှာ အရေးအကြီးဆုံးက ငွေလို့သတ်မှတ်ထားတာ။ အိမ့်သက်မှူးကတော့ သူဌေးသမီးပေါ့။ သူ့ချစ်သူက သင်္ဘောတက်သွားပြီး သင်္ဘောသားဖြစ်နေတာကို မိဘတွေက သဘောမတူလို့ ရောင်ဝင်းထွဋ်က ဟန်ဆောင်ချစ်သူအဖြစ် လုပ်ပေးရတယ်။ ရောင်ဝင်းထွဋ် လုပ်ပေးရတာလည်း သူ့သူငယ်ချင်း မိသားစု ငွေကြေးအခက်အခဲဖြစ်နေတာကို ကူညီပေးမလို့ပါ။ အတန်းပညာနည်းပါးပေမဲ့၊ ရောင်ဝင်းထွဋ်က လက်ရုံးရည်ရော၊ နှလုံးရည်ပါ ပြည့်စုံတဲ့ ယောက်ျားတစ်ယောက်။ ဒါပေမဲ့၊ သူက အိမ့်သက်မှူးကို ကြည့်မရဘူးဗျ။ အဲဒီလိုမျိုး ပုံစံစရိုက်သိပ်မတူတဲ့ လူနှစ်ယောက်က ချစ်သူရည်းစားအဖြစ် ဟန်ဆောင်နေကြရင်း ဖြစ်လာတဲ့ ဇာတ်လမ်းလေးကို ဖတ်ရမှာပါ။ ဇာတ်လမ်းကတော့ ဖတ်ရတာ စိတ်ချမ်းသာဖို့ကောင်းတယ်။ အခုချိန် အိမ်မှာပျင်းနေတယ်ဆို ဒီဝတ္ထုလေး ဖတ်ကြည့်ပါလို့