ထာဝရချစ်သူငယ်ချင်း

မွသန်တာ

700 Kyats ကျပ်
>> တစ်ဖက်သက်အချစ်ဆိုတာ တကယ်တော့ ပင်ပန်းလွန်းပါတယ်။ ဖွင့်လည်းမပြောရဲ၊ ပိုင်လည်းပိုင်ဆိုင်ချင်၊ တခြားသူပိုင်ဆိုင်သွားမှာလည်းကြောက်နဲ့ စိတ်ပင်ပန်းစရာ အတော်ကာင်းတယ်။ အောင်ထက်နဲ့ ကိုကြီးထွန်းတို့ ညီအကိုနှစ်ယောက်ကလည်း တစ်ဖက်သက်ချစ်ခြင်းဆိုတဲ့ ဒုက္ခအိုးကြီးထဲမှာ ပျော်မွေ့နေကြတယ်။ အခုတော့ ကိုကြီးထွန်းတစ်ယောက် မိန်းမယူသွားတော့ အောင်ထက်လည်း တစ်ရန်တော့ လျော့သွားတာပေါ့လေ။ သူတို့နှစ်ယောက်လုံး ချစ်မိတဲ့သူက ပန်ဆုမွန်။ အောင်ထက်နဲ့ ပန်ဆုမွန်နဲ့က ငယ်ငယ်လေးကတည်းက သူငယ်ချင်း။ ပြောမနာ၊ ဆိုမနာ စနောက်လေ့ရှိကြတဲ့သူတွေ။ ငယ်ငယ်လေးကတည်းကပေါင်းလာတဲ့ သူငယ်ချင်းဆိုတဲ့ စည်းကြောင့်လားမသိ အောင်ထက်က သူ့ရဲ့ချစ်ခြင်းကို ဘယ်တော့မှထုတ်မပြောခဲ့ဘူး။ ဒီလိုနဲ့ အောင်ထက်နဲ့ ပန်ဆုမွန်တို့နှစ်ယောက် သူငယ်ချင်းဆိုတဲ့ စည်းကိုပဲ ကျော်ဖြတ်ကြမလား၊ စည်းကပဲတင်းမာပြီး ဖြတ်မရဖြစ်မလားဆိုတာ!