သုခမြို့တော်

မြသန်းတင့်

1100 Kyats ကျပ်
မိမိ ထိုဝတ္ထုကို မှတ်မှတ်ရရ (၈) တန်းနှစ်တွင် စတင်ဖတ်ရှုခဲ့ရသည်။ ထိုဝတ္ထုကိုဖတ်၍ မျက်ရည်ကျမိသည့်အထိ ကာလကတ္တားမြို့သူမြို့သားများ၏ ဘဝကို စာနာမိခဲ့ရသည်။ ဆရာကြီးသည် ဘာသာပြန်ရာတွင် ကဝိတစ်ဆူ ဖြစ်ရုံသာမက ပြန်ဆိုချက်တို့မှာလည်း စိတ်နှလုံးသားကို စာပေထဲနစ်မြောအောင် ပြန်ဆိုနိုင်စွမ်းရှိသူ တစ်ဦးဖြစ်သည်။ ဗြိတိသျှလူမျိုး ရုပ်ရှင်ဒါရိုက်တာ ရိုလန်ဂျော်ဖီ ခေါင်းဆောင်သည့် အဖွဲ့ဝင်ပေါင်း (၁၂၀) ပါသည့် ရုပ်ရှင်တစ်ဖွဲ့သည် The City of Joy ကို ကာလကတ္တားမြို့တွင် ရုပ်ရှင်လာရိုက်ခဲ့ကြသည်။ ထိုသို့ လာရိုက်သည့်အခါ မြို့သူမြို့သားများက မနှစ်သက်ရုံမက မနှစ်မြို့ခဲကြပေ။ ရုပ်ရှင်လာရိုက်သည့်အခါ တကယ့် ဖြစ်ရပ်နေရာများတွင် ရိုက်ကူးသော်လည်း အခက်အခဲများ ရှိသောကြောင့် ဆင်းရဲသားရပ်ကွက်များကို ပုံတူ တည်ဆောက်၍ ရိုက်ကူးခဲ့ရသည်။ ရိုက်ကူးရာတွင် ဒါရိုက်တာအဖို့ တရားစွဲဆိုခြင်း ခံရရုံသာမက အသက်အန္တရာယ်ကို ရန်ရှာသည်အထိ ဒုက္ခအဖုံဖုံ ခံစားရခဲ့ရသည်။ စာအုပ်၏ အမည်ကင်ပွန်းကသာ သုခဘုံ စာအုပ်ထဲရှိ ဇာတ်ကောင်တို့၏ အခြေအနေမှာ ငရဲဘုံတွင် ခံစားနေရသော ငရဲသားများကဲ့သို့ ဆင်းရဲ ဒုက္ခအဖုံဖုံကို ရေးဖွဲ့ထားသည်မှာ စကားလုံးစီ၍ ဖော်ပြခြင်းငှာ မစွမ်းသာသောကြောင့် စာပေချစ်သူများ အင်မတန် ဖတ်သင့်သော စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Recommended by もみじ 花 (Wun Zinn Readers Club Member)