လိုက်ခဲ့တော့ မြနန္ဒာ

မြသန်းတင့်

1100 Kyats ကျပ်
စော်ဘွားတွေ၊ ယင်း စော်ဘွားတွေရဲ့ ပုလိပ်တွေနဲ့ တရုတ်ဖြူ ကူမင်တန်တပ်တွေ၊ ပြီးတော့ သောင်းကျန်းသူများ၊ နောက်ပြီး ဆင်းရဲပင်ပန်းစွာ နေထိုင်စားသောက်နေရတဲ့ ရှမ်းပြည်က ပြည်သူတွေနဲ့ ကျယ်ပြန့် ထွန်းကားတဲ့ လောင်းကစားများအကြောင်း အစုံအလင် ရေးသားထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ပဒေသရာဇ် ဆန့်ကျင်ရေးသမား ကိုဥက္ကာနဲ့ စောမြနန္ဒာဆိုတဲ့ ပဒေသရာဇ်အနွယ် အမျိုးသမီးတို့ရဲ့ အချစ်မေတ္တာ ဇာတ်လမ်းလည်း အပါအဝင်ပေါ့။ ပဒေသရာဇ်မျိုးရိုးကို ခါးခါးသီးသီး မုန်းတီးသူ ရှမ်းအမျိုးသားလေး ကိုဥက္ကာနဲ့ ပဒေသရာဇ်အနွယ် စောမြနန္ဒာတို့ဟာ ရန်ကုန်တက္ကသိုလ် ရှမ်းကျောင်းသားများအသင်းမှာ တွေ့ဆုံ ချစ်ကြိုက်ခဲ့တာပါ။ တစ်နေ့တော့ စောမြနန္ဒာက တီဘီရောဂါလက္ခဏာကြောင့် ရှမ်းပြည်ကို ပြန်သွားခဲ့ရတယ်။ သူမ တော်တော်နဲ့ ပြန်မလာလို့ ကိုဥက္ကာတစ်ယောက် သောကများနေချိန်မှာ ပဒေသရာဇ်ဆန်ကျင်ရေး အဖွဲ့ချုပ်ရဲ့ စည်းရုံးရေးအတွက် တာဝန်ပေးခံရတယ်။ ဒီ့နောက် …. ။ ယခုဝတ္ထုဟာ ဆရာမြသန်းတင့်ရဲ့ ပဒေသရာဇ် ဆန့်ကျင်ရေးအမြင်နဲ့ ပတ်သက်တဲ့ နာမည်ကြီး ပင်ကိုရေးဝတ္ထုဖြစ်ပြီး မတူကွဲပြားတဲ့ ဖြတ်သန်းရာ နောက်ခံသဘာဝနဲ့ သဘောထားအမြင် ခြားနားမှုက လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လို ကြိုးကိုင်နိုင်မလဲ ဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။