ရှားလော့ဟုမ်း၏ သည်းထိတ်ရင်ဖို

မြသန်းတင့်

1100 Kyats ကျပ်
ဒီစာအုပ်ရဲ့ ထူးခြားချက်တစ်ခုကတော့ ဆရာမြသန်းတင့်က ရှားလော့ဟုမ်းဝတ္ထုတွေမှာပါဝင်တဲ့ ဇာတ်ဆောင်တွေကို ထုတ်နုတ်ပြထားတဲ့အချက်ပါပဲ။ ဆရာမြသန်းတင့်က ဝတ္ထုထဲမှာ ပါဝင်တဲ့ အရံဇာတ်ဆောင်တွေအကြောင်းကို ကျကျနန တင်ပြထားပါတယ်။ အရံဇာတ်ဆောင်တွေကတော့ ရှားလော့ဟုမ်းနေထိုင်ရာ ၂၂၁ ဘီ၊ ဘေကာလမ်းမှ အိမ်ရှင်ဖြစ်သူ မစ္စက်ဟတ်ဆန်နဲ့ စကော့တလန်ယာဒ်စုံထောက်အဖွဲ့မှ စုံထောက်အရာရှိများပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ မစ္စဟတ်ဆန်ရဲ့ ဇာတ်ဆောင်စရိုက်နေရာ၊ မူလစာရေးဆရာကြီး ကိုနင်ဒွိုင်းရဲ့ ဒီဇာတ်ဆောင်အပေါ် ဖန်တီးချက်၊ ဆရာမြသန်းတင့်ရဲ့ သုံးသပ်ချက်အမြင်နဲ့ မစ္စဟတ်ဆန်အနေနဲ့ ရှားလော့ဟုမ်းကို ရှုမြင်ပုံတွေကိုပါ ဖော်ပြထားတာတွေ့ရတော့ သိပ်ကို စိတ်ကျေနပ်ဖွယ် ကောင်းလှပါတယ်။ မစ္စဟက်ဆန်အပြင် အခြာအရေးပါတဲ့ ဇာတ်ဆောင်တွေ အကြောင်းကိုလည်း သိခွင့်ရဦးမှာပါ။ ဒါ့အပြင် ထိတ်လန့်သည်းဖို စုံထောက်ဝတ္ထုပေါင်း ( ၁၂ ) ပုဒ် ပါဝင်သေးပါ ခင်ဗျာ။