ချိုးဖျက်၍မရသော သမိုင်းမှတ်တိုင်များ

မြသန်းတင့်

1100 Kyats ကျပ်
>> မြန်မာစာပေလောကရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို မြန်မာစာအုပ်တွေ အကြောင်း ပြောတဲ့အခါ ချန်ထားလို့ မဖြစ်နိုင်တဲ့ မြန်မာစာရေးဆရာတစ်ဦး။ ပင်ကိုရေး ဝတ္ထုတို ဝတ္ထုရှည် များစွာ၊ ဘာသာပြန် ဝတ္ထုတို ဝတ္ထုရှည် များစွာ၊ ကလေးစာပေ၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ စာတမ်းများစွာနဲ့ အကျိုးပြုခဲ့တဲ့ ဆရာမြသန်းတင့်ရဲ့ စာပေလက်ရာတွေဟာ ယနေ့ထက်ထိတိုင် စာဖတ်ပရိသတ်တွေ တသသ တမက်မက် ဖတ်ရှုနေကြရဆဲ စာပေတွေပဲ ဖြစ်ပါတယ်။ >> မေတ္တာအသင်္ချေ၊ လိုက်ခဲ့တော့ မြနန္ဒာ၊ အမှောင်ရိပ်ဝယ်၊ ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း၊ နှင်းနု၊ မမ၊ နွံထဲကကြာ၊ ထားကျွန်မလင်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်၊ လေညင်းနှင့်လရောင် စတဲ့ ပင်ကိုရေး ဝတ္ထုရှည်တွေဟာ ဆရာမြသန်းတင့်ရဲ့ ကျော်ကြားလှတဲ့ စာပေလက်ရာတွေပါပဲ။ ဘာသာပြန် လက်ရာတွေအနေနဲ့ ဆိုရင်လည်း စစ်နှင့်ငြိမ်းချမ်းရေး၊ ခန်းဆောင်နီအိပ်မက်၊ လေရူးသုန်သုန်၊ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ၊ သုခမြို့တော်စတဲ့ ဘာသာပြန်စာအုပ်တွေဟာ ယခုထက်ထိတိုင် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေနေရတဲ့ လက်ရာကောင်းတွေအဖြစ် တင်ကျန်နေဆဲ ... ။