ချစ်သော ယွန်းခင်ခင်

မြသန်းတင့်

1100 Kyats ကျပ်
>> ဘာသာပြန် ဖြစ်ပေမဲ့ မူရင်းစာအုပ်ကို ဖတ်နေရတဲ့အတိုင်း ခံစားရတယ်။ ပဒေသရာဇ်ခေတ်၊ တိုင်းပြည်ရဲ့ အခြေအနေ၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘဝအရေးတွေအပြင် ပတ်ဝန်းကျင်အခြေအနေတွေ၊ ပြည်သူလူထု အခြေအနေတွေကို မြင်ရတယ်။ သီပေါမင်းသား နန်းတက်တဲ့အချိန်မှာ နန်းတွင်းက မင်းညီမင်းသားတွေ၊ ဆွေတော်မျိုးတော်တွေ၊ အနွယ်တော်တွေကို သုတ်သင်တဲ့ ဇာတ်ဝင်ခန်းက ဝမ်းနည်းတုန်လှုပ်စရာ။ မူရင်းစာရေးဆရာမ ကိုယ်တိုင်က ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးတဲ့ နန်းတွင်းအပျိုတော်တွေကို တွေ့ဆုံမေးမြန်းပြီး ရေးထားတာဆိုတော့ သမိုင်းအချက်အလက်ကလည်း စုံတယ်။ ဇာတ်လမ်းနောက်ခံ အခင်းအကျင်းကလည်း မင်းတုန်းမင်းလက်ထက် အခြေအနေတချို့ရယ်၊ သီပေါမင်း နန်းတက်ချိန်နဲ့ ပါတော်မူချိန်ကို နောက်ခံထားတဲ့အပြင် အီတလီနဲ့ မြန်မာသွေးနှော ဖဲင်နီဆိုတဲ့ ကပြားမလေးရဲ့ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာပါပဲဗျာ။ ကိုယ်တိုင်သာ ဖတ်ကြည့်ပါတော့!