ထားဝယ်ရှင်ကိုးရှင် ဘုရားများ

မြမဉ္ဇူဝေ(ကျုံမငေး)

600 Kyats ကျပ်
ထားဝယ်မြို့တွင်းမှာ ရှိတဲ့ သမိုင်းဝင် ရှေးဟောင်းစေတီ ဘုရားတွေအကြောင်း လေ့လာနိုင်မယ့် စာအုပ် ဖြစ်ပါတယ်။ မင်းနေပြည်တော် ဖြစ်ခဲ့ဖူးတဲ့ ထားဝယ်မြို့မှာ ရှိတဲ့ ရှေးဟောင်း စေတီဘုရားတွေကလည်း သမိုင်းဝင်ဖြစ်ပြီး အထောက်အထားနဲ့ အထင်အရှား ရှိခဲ့တာ ဆိုတော့ ခုချိန်မှာဆို ဘုရားဖူးတွေနဲ့ စည်ကားပြီး၊ ဒေသအတွက်လည်း ဂုဏ်တက်စေတယ် ပြောရမှာပါ။ ထားဝယ်ရာဇဝင် သမိုင်းအရတော့ တချိန်တုန်းက ထားဝယ်မှာ အနော်ရထာမင်းနဲ့ ခေတ်ပြိုင် ထီးနန်းစိုးစံခဲ့ဖူးတဲ့ မင်းတွေ ပေါ်ထွက်ခဲ့တယ်။ သူတို့က ထားဝယ်သမိုင်းမှာ အရေးပါတဲ့သူတွေ ဖြစ်ခဲ့ကြတယ်။ တနည်းအားဖြင့် ‘ရှင်ဇံ’ နဲ့ ‘ရှင်ဇော’ ကို အကြောင်းပြုပြီး ပေါက္ကံပြည့်ရှင် အလောင်းစည်သူမင်းကြီးရဲ့ အနွယ်တွေနဲ့ ခိုင်ခိုင်မာမာ တည်ရှိခဲ့တာဖြစ်လို့ ဗုဒ္ဓသာသနာဟာ ထားဝယ်ဒေသမှာ ထွန်းလင်း တောက်ပခဲ့တယ်။ ပြီးတော့၊ ဒါကြောင့်ပဲ စေတီဘုရားတွေ များစွာ တည်ထား ကိုးကွယ်ခဲ့တယ်။ စိတ်ဝင်စားဖို့ သိပ်ကောင်းတဲ့ အဲ့ဒီ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရမှာပါ။