နှလုံးသားမိုင်တိုင်အမှတ် တစ်ထောင့်ငါးရာ

မြပုလဲသွယ်

800 Kyats ကျပ်
မြပချုပ် က နေချိုကို အရမ်းချစ်တယ်။ သူတို့နှစ်ယောက်က တရားမဝင်ချစ်သူတွေပေါ့။ ထူးဆန်းတာက နေချိုက ပက်ထရစ်ရှာကို လက်ထပ်လိုက်တယ်။ ဒီတော့ ပချုပ် အသဲကွဲတာပေါ့။ အဲဒီလို အသဲကွဲနေချိန် ပချုပ်ကို သဘောကျတယ်လို့ ပြောလာသူက စောနက်ကြယ်။ သူက ပါးနပ်တယ်၊ ငွေကို ရေလိုသုံးနိုင်တယ်၊ ပွေတယ်ရှုပ်တယ်လို့ နာမည်ဆိုးရှိတယ်။ ဒါပေမဲ့ သူက ပချုပ် အပေါ်တော့ တကယ်ချစ်ပုံရတယ်။ ပချုပ်ကတော့ စောနက်ကြယ်ကိုမုန်းတယ်။ နောက်ပိုင်း ပချုပ်က နေချိုကို လက်စားချေခြင်လို့ ပက်ထရစ်ရှာရဲ့ မောင်ဖြစ်သူ တဒင်္ဂနဲ့ လက်ထပ်လိုက်တယ်။ ဒါပေမဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးက ပျော်စရာမကောင်းခဲ့ပါဘူး။ သိပ်မကြာဘူး တဒင်္ဂ မတော်တဆမှုဖြစ်ပြီး ဆုံးသွားတယ်။ အဲဒီအချိန်မှာပဲ စောနက်ကြယ်ပြန်ပေါ်လာပြီး ပချုပ်အရှေ့ကို ရောက်လာတဲ့အခါမှာ… ဘာတွေဆက်ဖြစ်မလဲဆိုတာ ဝတ္ထုထဲမှာ ဖတ်ရှုခံစားကြည့်ကြပါဦးနော်။