အခ်စ္ဆူး

မြပုလဲသွယ်

800 Kyats ကျပ်
ဆူးက အဖေဖြစ်သူဆုံးတာ မကြာသေးဘူး၊ အမေ နောက်အိမ်ထောင်ပြုတာကို သဘောမတူလို့ အဖေဖြစ်သူရဲ့ အစ်မတွေရှိတဲ့ ကလောမြို့က ပန်းသစ်မြိုင်အိမ်ကြီးကို ထွက်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံး၊ ကားပေါ်မှာ သူ့ကို စူးစိုက်ကြည့်နေတဲ့ ကောင်ချောလေးတစ်ယောက်။ ဒါပေမဲ့၊ ပန်းသစ်မြိုင်ရောက်တော့ ဆူးက ကောင်ချောလေးကို မေ့မေ့ပျောက်ပျောက်ပါပဲ။ ကံကြမ္မာရဲ့ လှည့်စားမှုနဲ့ မြားနတ်မောင်ရဲ့ စေစားမှုအောက်မှာ၊ တစ်နေ့တော့ ပန်းသစ်မြိုင် ရဲ့ အရှင်သခင်မ ဒေါ်နန်းထည်နဲ့အတူ ကောင်ချောလေး ပါလာခဲ့တယ်။ သူ့နာမည်က စိုင်းမောင်မောင်တဲ့ ! ဒေါ်နန်းထည်ရဲ့ မွေးစားသားလို ဖြစ်နေသူပေါ့။ မိသားစုပြဿနာကြောင့် ရင်ထဲမှာ ပူလောင်နေရတဲ့ ဆူးနဲ့၊ ဆူးကိုမြင်မြင်ချင်း ရင်ထဲမှာ အချစ်ဆူး စူးနင့်သွားခဲ့တဲ့ စိုင်းမောင်မောင်တို့နှစ်ယောက်ရဲ့ ဝိုင်တစ်ခွက်လိုပြင်းရှတဲ့ အချစ်တွေကို ဝတ္ထုထဲမှာ ခံစားကြည့်စေချင်ပါတယ်။ "ကျွန်တော်ဟာ ဆူး ထင်နေသလိုမျိုး အခွင့်အရေးသမား မဟုတ်ဘူးဗျ သိလား၊ ကျွန်တော် ဆူးကို ချစ်တယ်၊ သိပ်ချစ်တယ်၊ ကျွန်တော့်အချစ်ကို ဘယ်လိုနေရာမှာပဲဖြစ်ဖြစ်၊ ကျွန်တော် ပြောရဲတယ်၊ ဆူးကို ကျွန်တော် သိပ်ချစ်တယ်"