ပျားရည်နှုတ်ခမ်း

မြပုလဲသွယ်

800 Kyats ကျပ်
>> ခြိမ်းက သူ့စိတ်ထဲရှိတဲ့အတိုင်း နေတတ်တဲ့သူ။ ရန်ဖြစ်တဲ့နေရာမှာတော့ ဆရာတစ်ဆူပဲ။ ဂျစ်ကန်ကန်နိုင်တယ်။ စကားပြောရတာ အပေါက်အလမ်းမတည့်တဲ့လူမျိုး။ နောက်တစ်ယောက်က ကင်း။ ခြိမ်းရဲ့ ဝမ်းကွဲအကို။ အနေအေးတယ်။ စာတော်တယ်။ ခြိမ်းအနိုင်ကျင့်နေကျလူပေါ့။ ပြီးတော့ ထင်။ သူက အနေအေးအေးနဲ့ ကြောက်ရွံ့အားငယ်စိတ် အမြဲတမ်းရှိနေတတ်တဲ့ ကောင်မလေး။ >> နောက်ထပ်တစ်ယောက်က နိုင်။ ထင် ရန်ကုန်ကိုလာပြီး ခြိမ်းမိဘတွေပိုင်တဲ့ အလှပြင်ဆိုင်မှာ အလုပ်လုပ်ဖို့ဖြစ်လာတာ နိုင်ကြောင့်ပဲ။ တစ်ရက်တော့ ခြိမ်းဆိုင်ကိုလာပြီး ခေါင်းလျှော်တယ်။ အဲဒီမှာ ထင်နဲ့ တွေ့ခဲ့တယ်။ အဲဒီအချိန်ကစပြီး ခြိမ်းရယ်၊ ထင်ရယ် ... ကင်းရယ်တို့ ဇာတ်လမ်း ဆက်စပ်သွားတာကို အရမ်းစိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးထားတယ်။ ဒီလိုမျိုး ဇာတ်ကောင်တွေနဲ့အတူ ဘယ်လိုလှပတဲ့ဇာတ်လမ်းမျိုး ဖတ်ရှုရမလဲဆိုတော့ !