ၾကာနတ္သမီး

မြပုလဲခင်

800 Kyats ကျပ်
‘အချစ်ကို ရှာဖွေဖို့ စိတ်မဝင်စားပေမဲ့ သူ့အလိုအလျောက် ဖုတ်သွင်း ရထားဆိုက်သလို ဆိုက်ရောက်လာတဲ့ အချစ်တွေကိုတော့ လက်ခံ စမ်းသပ်ကြည့်ဖို့ ဝန်မလေးတတ်ပါဘူး။ ဒါပေမဲ့ အဲဒီ “အချစ်” ဆိုတာကြီးကို နောက်ဆုံး ကောက်ချက်ချကြည့်လိုက်တော့ အချစ်ဆိုတာ ဇိမ်ခံ ပစ္စည်း သက်သက်ပါပဲ’ ဆိုတဲ့ … ထွဋ်ခေါင်။ ‘အစွဲအလမ်းဆိုတာ ရင်ကို ထိခိုက် ပင်ပန်းစေတတ်တဲ့ အတွက် စွဲလမ်းခြင်းကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားလေလေ၊ ပိုမို စွဲလမ်းလာလေလေ ဖြစ်နေတယ်။ ဒါကြောင့် … စွဲလမ်းခြင်းကို ပျောက်ပျက်စေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ စွဲလမ်းနေတဲ့ အရာမှန်သမျှ သက်ရှိဖြစ်စေ၊ သက်မဲ့ဒြပ်ဝတ္ထု ဖြစ်စေ၊ ရယူ ပိုင်ဆိုင်ခွင့် ရအောင် ကြိုးပမ်းလိုက်ခြင်းပဲလို့…’ ဆိုတဲ့ … ရှားပွင့်ဖြူ။ ငယ်ချစ်ဦးနဲ့ ဝေးဖူးသူတွေအတွက် … ငယ်ချစ်ဦးကို တမ်းတသသ မေ့မရသူတွေအတွက်၊ ငယ်ချစ်ဦးအကြောင်း ပြန်ပြောင်းအောက်မေ့ လွမ်းဆွတ်သတိရနေမိသူတွေအတွက်၊ ဒီဇာတ်လမ်းလေးက ကြည်နူးရင်ခုန်စရာ ခံစားမှုတွေနဲ့ စိတ်နှလုံးသားကို ရသတစ်မျိုးလေး ပေးစွမ်းစေမယ့် စာအုပ်လေးပါပဲ။