မြင်းမိုရ်ထက်ကအာဒမ်

မြပုလဲခင်

800 Kyats ကျပ်
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။ ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းက မွေးဖွားလာတဲ့ ဆရာဝန်လေးနဲ့ ဆင်းရဲနွမ်းပါးတဲ့ ပန်းသည်မလေးတို့ရဲ့ အချစ်ပုံပြင်လေးပေါ့။ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး မြင်းရံတာပဲ မြင်ချင်တယ်ဆိုတဲ့စကားနဲ့အတူ မိဘစကား မပယ်ရှားနိုင်ဘဲ ပေးစားသူကို ယူခဲ့ရတဲ့ ဒေါက်တာလေးကို ပန်းသည်မလေးက နာနာကြည်းကြည်း မုန်းတီးခံစားပြီး မေ့မရနိုင် ဖြစ်နေခဲ့ပါတယ်။ ကိုယ့်ဘဝနဲ့ကိုယ်၊ ကိုယ့်အိမ်ထောင်ရေးနဲ့ကိုယ် နေသားကျပြီး ဘဝခရီးကို ဖြတ်သန်းခဲ့ကြရင်း သူ့မှာလည်း သားတွေ သမီးတွေနဲ့ ကိုယ့်မှာလည်း သားတွေသမီးတွေနဲ့ ဖြစ်လာခဲ့ပေမဲ့ ‘ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ’ ဆိုသလိုပဲ ငယ်ချစ်ဟောင်းနဲ့ နှောင်းခဲ့တဲ့ နာကျင်ရက်စွဲတွေကို တိုက်ဆိုင်မှုရှိတိုင်း ပြန်အမှတ်ရပြီး တသသ အောက်မေ့နေကြတုန်းပဲ။ ဒီအဖြစ်အပျက်တွေ ဖြစ်ပွားပြီး နှစ်နှစ်ဆယ်လောက် ကြာတဲ့အခါ … ဒေါက်တာနဲ့ ပန်းသည်မလေးတို့ရဲ့ သားနဲ့ သမီးက အရွယ်ရောက်ပြီး ချစ်သူတွေ ဖြစ်သွားကြတဲ့အခါ၊ ငယ်ချစ်ဟောင်းနှစ်ယောက် ခမည်းခမက်အဖြစ် ပြန်ဆုံကြရပါတော့တယ်။ ဒီအခါ သူတို့ ဘယ်လို မျက်နှာချင်းဆိုင်မလဲ၊ ဘယ်လို သဘောထားကြမလဲ၊ သားနဲ့ သမီးရဲ့ အချစ်ရေးအပေါ် ဘယ်လို ဆုံးဖြတ်ကြလေမလဲ။