မေ့သည်းဦးပန်း

မြပုလဲခင်

800 Kyats ကျပ်
❤ အသက်အရွယ်ရလာတဲ့အခါ စဉ်းစားတွေးခေါ်ပုံလည်း ပြောင်းလဲလာတတ်ပါတယ်။ အချစ်ဆိုတဲ့အရာကို နှလုံးသား ဦးစားပေးပြီး ဆုံးဖြတ်တာထက် ဦးနှောက်နဲ့ပဲ ပိုင်းခြားလာတယ်။ ယွန်းပန်းချီနဲ့ ဘုန်းခန့်ကျော်တို့နှစ်ယောက်လဲ ဒီလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် သဘောကျကြတယ်။ နီးစပ်အောင်ကြိုးစားကြတယ်။ အသက်အရွယ်နည်းနည်းရတော့ နှလုံးသားကိုဦးစားမပေးကြဘူး။ ဦးနှောက်ကိုအသုံးပြုပြီး ချင့်ချိန်တယ်။ ချစ်တယ် ဆိုတဲ့စကားကို လွယ်လွယ်ထုတ်မပြောဘူး။ ❤ သွက်သွက်လက်လက်နေတတ်ပြီး Tour Guide လုပ်နေတဲ့ ယွန်းပန်းချီနဲ့ ပျိုတိုင်းကြိုက်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ဘုန်းခန့်ကျော်။ သူတို့နှစ်ယောက်ကြားကို ဘုန်းခန့်ကျော်အမေနဲ့ အခြား မိန်းကလေးတစ်ဦးတို့ ဝင်ရောက်ကာဆီးလာတဲ့အခါမှာတော့ … ဦးနှောက်နဲ့ နှလုံးသား လွန်ဆွဲပွဲမှာ ဘယ်ဘက်ကို အနိုင်ရစေမလဲ ? ဒါမှမဟုတ် ... နှစ်ဖက်စလုံးပဲ ပြတ်စဲသွားကြမလား ? လက်တွေ့လောကမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ဘယ်လောက်အထိများ နီးစပ်တူညီနေမလဲ ဆိုတာ ခံစားကြည့်လိုက်ရအောင်! နှလုံးသားနဲ့ ဦးနှောက်ကြား ဝေခွဲမရမှုတွေ၊ ချစ်ခြင်းထက် မိဘတွေအမြင်ကို ဦးစားပေးကြည့်ရတဲ့ ဇာတ်လမ်းတွေက မဖတ်ဘဲ မနေနိုင်အောင် ဖြစ်မိမှာပါ။