အမုန်းရိပ်မှာ ပုန်းအိပ်၍ မရသောလိပ်ပြာ

မြပုလဲခင်

800 Kyats ကျပ်
ရှိန်းတေဇာနဲ့ နေရတနာစံတို့ကို မိဘချင်း သဘောတူထားကြတာ ! နှစ်ယောက်စလုံးက ဆရာဝန်တွေချည်း။ ပြဿနာက ရှိန်းတေဇာက တိရစ္ဆာန်တွေကို လုံးဝမချစ်ဘူး။ ဒီတော့ တိကုဖြစ်တဲ့ နေရတနာစံနဲ့ မတည့်ကြဘူး၊ ပြဿနာတွေ ခဏခဏတက်ကြတယ်။ နောက်ပြီး နေရတနာစံမှာ သူသဘောကျရတဲ့လူ၊ သူရဲ့ စီနီယာ မင်းမြတ်မောင်ဆိုတာရှိတယ်။ မင်းမြတ်မောင်ကလည်း နေရတနာစံကို အုံ့ပုန်းလေး ချစ်နေတာပါ။ အဲဒီလူကိုတွေ့မှ ရှိန်းတေဇာက နေရတနာစံကို ပိုပြီးလိုချင်လာတယ်။ မင်းမြတ်မောင်ကို ပြိုင်ဆိုင်ချင်လာတယ်။ နောက်ပြီး စိတ်ဝင်စားဖို့ကောင်းပြန်တာက မင်းမြတ်မောင်ရဲ့ အဖေနဲ့ ရှိန်းတေဇာရဲ့ အမေတို့က အတိတ်မှာ ဆက်စပ်မှုတစ်ခုရှိဖူးတယ်။ ဆိုတော့၊ ဘာတွေဖြစ်ကုန်မလဲက စိတ်လှုပ်ရှားစရာ ! တကယ်ကိုခံစားလို့ကောင်းတဲ့ ဝတ္ထုဖြစ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်။