မုန်းမာန်မျက်ပြေစေညွှန်း

မြပုလဲခင်

800 Kyats ကျပ်
ငွေစင်ကြယ်က စစ်သွေးဦးကို သေလောက်အောင်မုန်းတယ် ! စစ်သွေးဦးကြောင့် သူ့အဖေသေခဲ့ရတယ်လေ။ အဖေမရှိတော့တဲ့အချိန်မှာ အဖေ့တပည့်လို့ဆိုတဲ့သူ၊ နိုင်ငံခြားမှာနေတာကြောင့် အနေဝေးပြီး ရုပ်မြင်ရင်းနှီးခွင့်မရသူက ငွေစင်ကြယ်ကို ထောက်ပံ့ခဲ့တယ်။ နှလုံးအထူးကုဖြစ်တဲ့အထိ ထောက်ပံ့မယ်လည်း ဆိုထားသူပေါ့။ နောက်တစ်ယောက်က ရာဇတိုး။ သူကငွေစင်ကိုအရမ်းချစ်တယ်။ ဒါပေမဲ့, Best Friend ဖြစ်နဲ့ နှစ်ပေါင်းများစွာ အနားမှာနေပေးခဲ့တယ်။ ပြဿနာက ဘာလဲဆိုတော့၊ ငွေစင်ကြယ် မုန်းတီးနေတဲ့ စစ်သွေးဦးဟာ၊ ငွေစင်ကြယ်ကို ထောက်ပံ့ပေးနေသူ ဖြစ်နေတာပဲ။ သူက ငွေစင်ကြယ်ကို သိပ်ချစ်ရှာတာ။ အဲဒါတင် ဘယ်ကမလဲ၊ သူက ရာဇတိုးရဲ့ အစ်ကိုဝမ်းကွဲလည်း ဖြစ်နေပြန်တာပဲ။ ဒီအဖြစ်မှန်တွေကို သုံးယောက်စလုံး သိသွားချိန်မှာတော့၊ ဇာတ်လမ်းက ဘာဆက်ဖြစ်မလဲဆိုတာ အရမ်းစိတ်ဝင်စားမိတာပဲ! ဘာတွေဆက်ဖြစ်မလဲဆိုတော့ ...