ပုံဆောင်ခဲ

မြပုလဲခင်

800 Kyats ကျပ်
မိုးသည်းသည်းရွာနေတဲ့ ညတစ်ညမှာ အိမ်ကြီးတစ်အိမ်ထဲ လူမမည်ကလေးငယ် လေးယောက် ကြောက်လန့်တကြား ထိုင်နေကြတယ်။ အိမ်ထဲမှာတော့ မိခင်ဖြစ်သူရဲ့ ငိုသံ၊ ညည်းညူသံက မိုးသံနဲ့အတူ။ သူတို့ မျှော်နေတဲ့ ဖခင်ဖြစ်သူလည်း ပြန်ရောက်မလာခဲ့ဘူး။ မကြာခင်မှာတော့ မိခင်ရဲ့ အော်သံ တိတ်ဆိတ်သွားပြီး နောက်ထပ်အသံတစ်သံ ထပ်ထွက်လာတယ်။ လူ့လောကထဲ အသစ်ရောက်လာတဲ့ ကလေးငယ်တစ်ယောက်ရဲ့ 'အူဝဲ' ဆိုတဲ့ အော်သံလေး။ အပြင်မှာ ထိုင်နေကြတဲ့ ညီအစ်ကိုလေးယောက်အပြင် နောက်ထပ် ထပ်ရောက်လာတဲ့ အငယ်ဆုံးကလေးကတော့ မိန်းကလေး။ အစ်ကိုကြီး ဒေါနဦး၊ အစ်ကိုလတ် ထနောင်းညို၊ အစ်ကိုငယ် ကျော်စံကား၊ အစ်ကိုထွေး သော်ကဆန်းနဲ့ ညီမအငယ်ဆုံး စိုးဇလပ်။ ဒါပေမဲ့ စိုးဇလပ်ဟာ အစ်ကိုတွေရဲ့ အုပ်ထိန်းမှုအောက်မှာ မိန်းကလေးလို့တောင် ဘယ်သူမှ မသိအောင်၊ ယောက်ျားတစ်ယောက်ပုံစံနဲ့ပဲ ရှင်သန်ကြီးပြင်းခဲ့တယ်။ အားလုံးကလည်း ညီအစ်ကို ငါးယောက်လို့ပဲ သိကြတယ်။ လူ့ဂွစာ ညီအစ်ကိုတွေလို့ ပတ်ဝန်းကျင်က သတ်မှတ်ထားကြတဲ့ သူတို့ ညီအစ်ကို ငါးယောက်အကြောင်း စိုးဇလပ်က သူငယ်ချင်းဖြစ်သူကို ပြောပြခဲ့တယ်။ သူငယ်ချင်းက သူ့အစ်မ သီရိကျက်သရေကို ပြန်ပြောပြချိန်မှာ သီရိကျက်သရေ စိတ်ထဲ ဒီညီအစ်ကိုငါးယောက်ကို သတိတထား ရှိမိသွားတယ်။ စိုးဇလပ်ကို ဘဝအစစ်အမှန် ဖြစ်လာအောင် ပြောင်းလဲပေးမယ့်သူက ဘယ်သူလဲ၊ သီရိကျက်သရေနဲ့ သူတို့ညီအစ်ကိုတွေထဲက ဘယ်တစ်ယောက်ဟာ ဇာတ်လမ်းတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ ...