ချစ်ကြမ္မာရင်ခွင်လမ်း

မြပုလဲခင်

800 Kyats ကျပ်
'မမဗိုလ်ရာ' က အရမ်းလှသလို မိသားစုကလည်း ငွေကြေးအင်အား တောင့်တင်းပေမဲ့ မကြာခင်မှာ အပျိုကြီးစာရင်းဝင်တော့မယ့်သူ။ သူဟာ သူ့ကိုယ်သူကလွဲလို့ ဘယ်သူ့ကိုမှ အားမကိုးတတ်ဘူး။ ငယ်ရွယ်စဉ်တုန်းက သမီးရည်းစားထားခဲ့ဖူးပေမဲ့ အဆုံးသတ်တွေက မလှခဲ့ပြန်ဘူးတဲ့။ မိဘတွေ၊ မောင်နှမတွေက သူ့ကို အိမ်ထောင်ပြုစေချင်ပေမဲ့ သူကတော့ တစ်ယောက်တည်းပဲ အေးအေးဆေးဆေးနေချင်တယ်။ ဒီလိုနဲ့ သူ့မိသားစုဝင်တွေက သူမသိအောင် တိတ်တိတ်ကလေး အိမ်ထောင်ဖက် ရှာပေးလိုက်ရာကနေ 'မင်းကံပိုင်' နဲ့ 'ဇေငယ်' ဆိုတဲ့ လူနှစ်ယောက်က မမဗိုလ်ရာ ကို စိတ်ဝင်စားမိသွားတယ်။ ဒီတော့ မရမကလိုက်ကြပြီပေါ့။ နောက်ပိုင်းမှာ သူတို့သုံးယောက်ရဲ့ ယှက်နွယ်မှုတွေက ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းသလို ကြေကွဲစရာတွေ၊ ဝမ်းနည်းစရာတွေလည်း ရှိနေပြန်တဲ့အခါ ... ။ တကယ်ကို ခံစားသက်ဝင်လို့ကောင်းတဲ့ ဝတ္ထုတစ်အုပ်ဖြစ်လို့ အခုပဲဖတ်ကြည့်လိုက်ကြတော့နော်။